Wednesday, June 12, 2019

မူးယစ်သတင်းအရ မန္တလေး အငှားအိမ်ရာ တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာမှ နိုင်ငံသား စိစစ်ရေးကတ်များ၊ ယာဉ်မောင်းလိုင်စင်များ၊ ဝှီးတက်များနှင့် ယာဉ်မှတ်ပုံတင် စာအုပ်များကို သိမ်းဆည်းရမိ

No photo description available.မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အငှားအိမ်ရာ၊ စံပယ်တိုက်ခန်းရှိ မူးယစ်ကျော်စောသူများကို ရဲတပ်ဖွဲ့ ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးများ မတွေ့ရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ် ပြားများ၊ ယာဉ်မောင်းလိုင်စင်များ၊ ဝှီးတက်များနှင့် ယာဉ်မှတ်ပုံတင်စာအုပ်အများအပြားကိုသာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်  သည် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ အငှားအိမ်ရာ၊ စံပယ် တိုက် တိုက်အမှတ်(--)၊ အခန်း အမှတ်(--)တွင် မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေကြောင်း သတင်းအရ ဇွန် ၉ ရက် နံနက် ၅ နာရီခွဲက ဝင်ရောက်ဖမ်းဆီးခဲ့ရာ တိုက်ခန်းအတွင်း၌ မ--(ခ)--နှင့် ၎င်းင်း၏မောင်အရင်းဖြစ်သူ မောင် --တို့နှစ်ဦးအား တွေ့ရှိသဖြင့် ¤င်းတို့၏ ကိုယ်ခန္ဓာနှင့် အိမ်ခန်းအတွင်း ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ မတွေ့ရှိသော်လည်း မ-- (ခ)--၏ အိပ်ရာဘေးရှိ ပြောက်ကျားအိတ်အတွင်းမှ နိုင်ငံ သားစိစစ်ရေးကတ်ပြား ၅၃ ခု၊ ယာဉ်မောင်းလိုင်စင် ၅၇ ခု၊ ဆိုင် ကယ်/မော်တော်ယာဉ်ဝှီးတက် ၈၅ ခုနှင့် ယာဉ်မှတ်ပုံတင်စာအုပ် နှင့်အာမခံပရီမီယံစာအုပ်အများ အပြားတို့ကို တွေ့ရှိသဖြင့် သိမ်း ဆည်းခဲ့သည်။

''မူးယစ်သတင်းအရ သွားဖမ်း တာပါ။ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေတော့ မမိဘူး။ ဒါပေမဲ့ မူးယစ်ဆေးသုံးစွဲဖို့ ငွေမရှိတော့ သုံးဖို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝှီးတက်၊ ယာဉ်မှတ်ပုံတင်စာအုပ်နဲ့ အာမခံ ပရီမီယံစာအုပ်တွေနဲ့ ယာယီထား ပြီး သုံးသွားတယ်လို့ သိရတယ်။ စခန်းမှာတော့ အမှုဖွင့်ထားတယ်။ အဲဒီနိုင်ငံသားစိစစ်ရေးကတ်၊ ယာဉ် မောင်းလိုင်စင်၊ ဝှီးတက်၊ ယာဉ် မှတ်ပုံတင်စာအုပ်နဲ့ အာမခံပရီမီယံ စာအုပ်ပိုင်ရှင်တွေကို လိုက်လံစုံစမ်း နေတယ်''ဟု အမှတ်(၅)မြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ယင်းအပြင် စံပယ်တိုက်ခန်း ရှိ မူးယစ်ကျော်စောသူ အမျိုးသား နှင့် အမျိုးသမီး စုစုပေါင်းကိုးဦးကို ပြင်ပတွင် လွတ်လပ်စွာထားရှိပါက မူးယစ်ဆေးဝါးများအား ဆက်လက် ရောင်းချနိုင်သောကြောင့် ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မ-- (ခ)--နှင့် မောင်--တို့နှစ်ဦးကို အမှတ် (၅)မြို့မရဲစခန်းမှ (ပ)၄၈၇/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၉ /၅၄ နှင့် မူး/စိတ်ပုဒ်မ-၂၅(က)ဖြင့်လည်းကောင်း၊ မူးယစ်ကျော် စောသူကိုးဦးကို မူး/စိတ်ပုဒ်မ-၂၅(က)ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

No comments:

Post a Comment