Wednesday, June 12, 2019

ONE Championship ၏ ပြိုင်ဘက်ကင်း ထိပ်တန်းကစားသမား ၆ ဦး

ONE Championship တွင် ထိပ်တန်းအားကစားသမားများစွာရှိသော်လည်း ပြိုင်ဘက်ကင်းပြီး ရှုံးပွဲမရှိသည့် ရှားရှားပါးပါးစံချိန် တင်ထားနိုင်သူ အနည်းငယ်ရှိသည်။ ထိုသို့ ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းထားသည့် ကိစ္စမှာ လွယ်ကူလွန်းသည့် အရာတော့မဟုတ်ပေ။ ၎င်းတို့သည် ထိပ်တန်းအဆင့် ကိုယ်ခံပညာရှင်များဖြစ်ကြသည်။ One Championship တွင် မွေထိုင်း၊ Kick Boxing နှင့် အခြားသော ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားများသည် အန္တရာယ်များသော ပြိုင်ဘက်များနှင့်သာ ယှဉ်ပြိုင်ရသောကြောင့် ရှုံးပွဲမရှိစံချိန်ကိုထိန်းသိမ်းနိုင်ရန် အပြင်အထန် လေ့ကျင်မှုများပြုလုပ်ထားရသည်။



ကိုယ်ခံပညာ ကစားသမားတစ်ဦးအတွက် ရှုံးနိမ့်မှုသည် ရှက်ရွံ့ဖွယ်ကိစ္စရပ်မဟုတ်ဘဲ သင်ခန်းစာရယူကာ ပိုမို ကြံ့ခိုင်သောကစားသမားဖြစ်လာရန် လှေကားထစ်တစ်ခုဖြစ်သည်ဟု ဆိုရပေမည်။ သို့သော် ရှုံးပွဲမရှိဟူသောစံချိန်ရရှိထားသော ကစားသမားတစ်ဦးအနေဖြင့် ပြီးပြည့်စုံသော ကစားသမားတစ်ဦးအဖြစ်ရပ်တည်နိုင်ခြင်းကြောင့် လူတိုင်း၏လေးစားခြင်းခံရပါသည်

ONE Championship ၏ ကမ္ဘာ့ချန်ပီယံမှန်သမျှ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ချေ။ သို့သော် အဆိုပါ ချန်ပီယံများကို စိန်ခေါ်မည့် ရှုံးပွဲမရှိစံချိန်တင်ထားသော ကစားသမားများရှိနေသေးသည်။

အဆိုပါရှုံးပွဲမရှိစံချိန်ရှင်များအား အားကစားပရိသတ်ကြီးအတွက် ဖော်ပြလိုက်ရပါသည်။

၁။Garry “The Lion Killer” Tonon   နိုင်ပွဲ ၅- ရှုံးပွဲ မရှိ
Tonon သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကသို့ စတင်ဝင်ရောက်ခဲ့ချိန်တွင် ဘရာဇီးလ်ဂျုဂျစ်ဆုကမ္ဘာ့ချန်ပီယံဆုကို ကြိမ်ဖန်များစွာဆွတ်ခူးထားခဲ့သူဖြစ်ခြင်းကြောင့် အောင်မြင်မှုရယူရန် ဖိအားများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

အားကစားနည်းအသစ်၌ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် တစ်နှစ်ကျော်ကာလအတွင်း မျှော်မှန်းထားသည့်အတိုင်း ONE: ENTER THE DRAGON ပြိုင်ပွဲကြီးတွင် ပြိုင်ဘက် Yoshiki Nakahara အား ဖနောင့်ဖြင့် ဝိုက် ကန်ချက်ဖြင့် အနိုင်ယူနိုင်ခဲ့ကာ ပိုမိုအန္တရာယ်ကြီးမားသည့် အခြားသောပြိုင်ဘက်များအားယှဉ်ပြိုင်ပြီး ငါးပွဲဆက်အနိုင်ပွဲစံချိန် တင်နိုင်ခဲ့သည်။

အသက် ၂၇ နှစ်အရွယ် Tonon သည် ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သော ပွဲပေါင်း ၃ ပွဲနှင့်အတူ အလဲထိုးပွဲ ၂ပွဲ စံချိန်တင်ခဲ့သည်။ ထို့အပြင်ယှဉ်ပြိုင်ထိုးသတ်သည့်ပွဲတိုင်းတွင် ၄င်း၏ထိုးသတ်ပုံမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် Tonon သည် တစ်နှစ်အတွင်း ကမ္ဘာ့ချန်ပီယံနေရာကို စိန်ခေါ်နိုင်မည့် အလားအလားကောင်းများရှိနေသည်။

၂။Lowen Tynanes 10-0  နိုင်ပွဲ ၁၀- ရှုံးပွဲ မရှိ
ဟာဝိုင်အီမှ Tynanes သည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီမှစတင်၍ ONE Championship တွင် ပြန်လည်ယှဉ်ပြိုင်ခဲ့ရာ နဂိုစွမ်းဆောင်ရည်အတိုင်း ပြန်လည်လက်စွမ်းပြနိုင်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ONE Championship လိုက်ဝိတ်ကမ္ဘာ့ဂရင်းပရီပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် အိမ်ရှင်ပြိုင်ဘက် Honorio “The Rock” Banario အား ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သော်လည်း

ဟာဝိုင်အီမှ ထိပ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံအား ကစားသမား Tynanes သည် Team Lakay အသင်းမှနာမည်ကျော်ပြိုင်ဘက်အား

ပထမအချီနှင့်ပွဲသိမ်းပေးနိုင်ခဲ့သည်။

အသက် ၂၈နှစ်သာရှိသေးသည့် လူငယ်အားကစားသမား Tynanes သည် ပြန်လည်ပြိုင်ပွဲဝင်ချိန်တွင် ၄င်း၏ ကစားသမားဘဝ အမြင့်ဆုံးအရည်အသွေးဆီသို့ ချဉ်းကပ်နေသည်။ အမှန်တကယ် ၎င်းစွမ်းဆောင်နိုင်မည့် အလားအလာ၏ ထက်ဝက်ပမာဏသို့ပင် မရောက်ရှိသေးဟု ဆိုရမည့်အနေအထားတွင် ရှိနေဆဲဖြစ်သည်။ ၄င်း၏အစွမ်းအစအလုံးစုံကို စမ်းသပ်မည့်ပွဲမှာ မကြာခင်ယှဉ် ပြိုင်ရမည်ဖြစ်သော Timofey Nastyukhin နှင့် ထိုးသတ်ရမည့် အကြိုဗိုလ်လုပွဲပင်ဖြစ်သည်။

၃။Chen “The Ghost” Rui 7-0  နိုင်ပွဲ ၇- ရှုံးပွဲ မရှိ
တရုတ်နိုင်ငံမှ Chen သည် ၂၀၁၆ ခုနှစ်က ဂျကာတာတွင် ကျင်းပသည့်ONE: TITLES AND TITANS ပြိုင်ပွဲ၌ တစ်ညတည်းတွင် နှစ်ပွဲအနိုင်ယူကာ ကိုယ်ခံပညာ အားကစားပရိသတ်များ၏ အထင်ကြီးလေးစားမှုကို တည်ဆောက်နိုင်ခဲ့သည်။

ထိုကဲ့သို့အောင်မြင်မှုရရှိခဲ့သော်လည်း Chen သည် ၎င်းနိုင်ငံ၏ ဒေသဆိုင်ရာပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် နိုင်ငံတကာစင်မြင့်မှ အဝေးသို့ ထွက်ခွာခဲ့ပြန်သည်။ သို့သော် Chen မရှိသည့်အချိန်တွင်လည်း ONE Championship တွင် ပြိုင်ပွဲတစ်ညတည်း၌ နှစ်ပွဲအနိုင်ယူသည့် စံချိန်မှာ မကျိုးမပျက်ရှိနေခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်း ၎င်းသည် Roman Alvarez ကို အံ့မခမ်းအလဲထိုးသည့်ပွဲဖြင့် ONE Championship သို့ ပြန်လာခဲ့သည်။

လက်ရှိအချိန်တွင် ၄င်းသည် သုံးပွဲဆက်အနိုင်စံချိန်ကိုရရှိထားပြီး စွမ်းဆောင်ရည်အပြည့်ဖြင့် ပြန်လည်ပြိုင်ပွဲဝင်ရန် လေ့ကျင့်လျှက်ရှိနေပြီး ONE Championship ၏ ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့အား ရည်မှန်းလျှက်ရှိနေသည်။

၎။Reinier “The Dutch Knight” De Ridder နိုင်ပွဲ ၁၀- ရှုံးပွဲ မရှိ
Reinier သည် ပြီးခဲ့သောဇန်နဝါရီလမှစ၍ ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အများ၏ အထင်ကြီးလေးစားမှုကို တိုတောင်းလှသည့်အချိန်အတွင်း အရယူနိုင်ခဲ့သည်။

Reinier သည် ၁၁၁ စက္ကန့်အတွင်း ပြိုင်ဘက် Fan Rong အား ပညာသားပါလှသည့် သိုင်းချုပ်နည်းဖြင့် ONE: HERO’S ASCENT ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်လည်း ၄င်း၏ ပွဲသိမ်းနိုင်စွမ်းကို ရာနှုန်းပြည့်ဆက်ထိန်းထားနိုင်ဆဲဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ ချုပ်ကွက်ကိုသာ သုံးခွင့်ရခဲ့မည်ဆိုလျှင် Reinier သည် ၎င်းဝိတ်တန်း၏ အကြီးမားဆုံးခြိမ်းခြောက်မှုပေး နိုင်သော အန္တရာယ်အကြီးဆုံးကစားသမားပင် ဖြစ်သည်။

Reinier သည် လာမည့် ဇွန်လ ၁၅ရက်တွင်ကျင်းပမည့် ONE:LEGENDARY QUEST ပြိုင်ပွဲကြီး၌ အဓိကပွဲစဉ်အဖြစ်Gilberto Galvao နှင့် ယှဉ်ပြိုင်မည်ဖြစ်ရာ ၄င်း၏ ပြီးပြည့်စုံသော

ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။

၅။James Nakashima နိုင်ပွဲ ၁၁- ရှုံးပွဲ မရှိ
ONE Championship ၏ မည်သည့်ဝယ်တာဝိတ်တန်း အားကစားသမားမှ Nakashima ကဲ့သို့သော ပြီးပြည့်စုံသည့် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ဝင့်ကြွားနိုင်မည်မဟုတ်ပေ။ ပြီးခဲ့သောနှစ်က ONE Championship တွင် စတင်ပြိုင်ပွဲဝင်ခဲ့သော Nakashima သည် နောက်ထပ် နိုင်ပွဲနှစ်ပွဲရရှိခဲ့ရာ စုစုပေါင်း ၁၁ ပွဲရှုံးပွဲမရှိစံချိန်တင်ထားသည်။

၎င်းသည် Raimond Magomedaliev ၏ ရှုံးပွဲမရှိစံချိန်အား ပြီးခဲ့သောနိုဝင်ဘာလအတွင်းက ရပ်တန့်ပေးခဲ့ပြီးနောက် ဧပြီလအတွင်း ဘရာဇီးလ်နာမည်ကျော်ပြိုင်ဘက် Luis Santos အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ပြန်သည်။

အမေရိကန်အားကစားသမား James Nakashima သည် လုံးထွေးပူးသတ်သည့် တိုက်ခိုက်မှုတွင် ရဲရင့်ထက်မြက်ပြီး ထိုးနှက် တိုက်ခိုက်မှုနည်းစနစ်များကိုလည်း အီတလီနိုင်ငံတွင် Petrosyan ညီအစ်ကိုများနှင့် ပူးတွဲလေ့ကျင့်လျက်ရှိသည်။ ထို့ကြောင့် ၄င်းသည် မကြာမီ ပြင်းထန်အားပါသော Kick Boxing စွမ်းရည်ကိုလည်း ၎င်း၏တိုက်စစ်တွင် ထပ်ပေါင်းထည့်နိုင်တော့မည်ဖြစ်သည်။

၆။Iurie Lapicus နိုင်ပွဲ ၁၃- ရှုံးပွဲ မရှိ
မော်ဒိုဗာရီပတ်ဘလစ်မှ ONE Championship တွင် ယှဉ်ပြိုင်သည့် အားကစားသမားများစွာမရှိပါ။ Iurie Lapicus သည် မော်ဒိုဗာ ရီပတ်ဘလစ်၏ ရှားရှားပါးပါး ONE Championship သမားများအနက် ပထမဆုံးအလားအလာကောင်းသည့် နာမည်ကျော်တစ်ဦး ဖြစ်သည်။

လက်ရှိအချိန်တွင် အီတလီနိုင်ငံရှိ Petrosyan အသင်းကိုယ်စားပြုယှဉ်ပြိုင်သော Iurie Lapicus သည် လုံးထွေးပူးသတ်လေ့ရှိသူ သက်သက်မှ မိမိကိုယ်မိမိယုံကြည်မှုရှိသည့် ဝိတ်တန်းတူ ဘက်မရွေးသည့် ထိုးနှက်ကိုယ်ခံပညာသမားဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ထိုးနှက်တိုက်ခိုက်မှုတွင်လည်း ထိပ်တန်းစွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း Iurie Lapicus သည် ယခုလအတွင်းထိုင်းနိုင်ငံမှ နာမည်ကျော် Shannon “OneShin” Wiratchai အားအနိုင်ယူကာ သက်သေထူခဲ့ပြီးဖြစ်သည်။

အသက် ၂၃နှစ်ရှိသူ Iurie Lapicus သည် ကိုယ်ခံပညာအားကစားပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုပြင်းထန်သောဝိတ်တန်းသို့ ဝင်ရောက်ခဲ့ပြီး နာမည်ကျော်ပြိုင်ဘက်များအား မိမိကိုယ်မိမိယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်၍ အလှပဆုံးပွဲသိမ်းအနိုင်ယူခဲ့ရာ ၂၀၁၉ခုနှစ်နှင့် နောက်ပိုင်းတွင် စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ် အားကစားသမားတစ်ဦးပင် ဖြစ်ပါတော့သည်။

No comments:

Post a Comment