Wednesday, June 12, 2019

ဘော်လ်တစ်ပင်လယ်ပေါ် ဖြတ်လာသည့် အမေရိကန်နှင့် ဆွီဒင် လေယာဉ်များကို ရုရှားဟန့်တား

ရုရှားလေတပ်ရဲ့ Su-27 တိုက်လေယာဉ်ဟာ ဘော်လ်တစ်ပင်လယ်ပေါ် ဖြတ်သန်းလာတဲ့ အမေရိကန်နဲ့ ဆွီဒင် ကင်းထောက်လေယာဉ်တွေကို ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၁ ရက်နေ့မှာ ပြောပါတယ်။ လက်ရှိ ဘော်တစ်ပင်လယ်ပြင်မှာ နေတိုးအဖွဲ့က ရေကြောင်း စစ်ရေးလေ့ကျင့်နေတာပါ။ ဇွန်လ ၁၀ ရက်နေ့မှာ ဘော်တစ်ပင်လယ်ပင်ပေါ်က ရုရှားလေကြောင်းပိုင်နက် နယ်စပ်ကို ချဉ်းကပ်လာတဲ့ လေယာဉ်နှစ်စီး တွေ့ခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထဲမှာ ပြောပါတယ်။



ရုရှား လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ Su-27 တိုက်လေယာဉ်က ရုရှားလေကြောင်း ပိုင်နက်နားကို ချဉ်းကပ်လာတဲ့ RC-135 အမျိုးအစား အမေရိကန် ကင်းထောက်လေယာဉ်တစီးနဲ့ Gulfstream အမျိုးအစား ဆွီဒင် ကင်းထောက်လေယာဉ်တစီးကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားလေကြောင်းပိုင်နက်ထဲ ချိုးဖောက်ဝင်လာတာမျိုး မဖြစ်ရအောင် ဟန့်တားဖို့ Su-27 တိုက်လေယာဉ်က အဲဒီကင်းထောက်လေယာဉ်နှစ်စီးကို စောင့်ကြပ် ပျံသန်းခဲ့တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

No comments:

Post a Comment