Wednesday, June 12, 2019

အမျိုးသားရေး စကားလုံး ပေါပေါလောလော ဖြစ်လာ၊ မျိုးချစ်ဆိုသူတို့ တရားရင်ဆိုင် ထောင်ကျခဲ့ပါက နိုင်/ကျဉ်းဟု သတ်မှတ်မည် မဟုတ်ဟုဆို

အမျိုးသားရေး' စကားလုံး ပေါပေါလောလာ ဖြစ်လာနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင် ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြားလိုက်သည်။ အမျိုးသားရေးဟူသည် တိုင်း ပြည်ကောင်းကျိုးအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်ချက်များကိုသာ ခေါ်ဆိုသင့်ကြောင်း ဦးတင်မောင်ဦးက ဒီမိုကရေစီတူဒေးသို့ ဇွန် ၁၁ ရက်တွင် ပြောသည်။



''အမျိုးသားရေးဆိုတဲ့ စကားလုံးက ပေါပေါလောလော ဖြစ်လာ တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါဟာတကယ်တမ်း အခုသူတို့ လုပ်နေတဲ့ဟာတွေက အမျိုးသား ရေး မဟုတ်ပါဘူး။ အမျိုးသားရေး ဆိုတာက နိုင်ငံရဲ့ အခြေအနေက ကိုယ့်တိုင်းပြည်က စည်းလုံးညီညွတ် မှုပြိုကွဲနေတာ၊ ကမ္ဘာမှာ အောက်တန်း၊ နောက်တန်း ရောက်နေတာ၊ အဲဒါတွေကို အားလုံးတော့ ဘယ် လိုလုပ်ကြမလဲဆိုတာ၊ စစ်ပွဲတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ငါတို့လည်း ဘယ်လို ဝိုင်းလုပ်ကြ မလဲဆိုတဲ့ စဉ်းစားဆောင်ရွက်ခြင်း သာလျှင် မှန်ကန်တဲ့အမျိုးသားရေး ဖြစ်တယ်လို့ ပြောချင်တယ်''ဟု ၎င်းင်းကပြောသည်။

လက်ရှိအချိန်တွင် အမျိုးသား ရေးဟုဆိုသူ အင်အားစုများ၏ ဆောင်ရွက်မှုများသည် တိုင်းပြည် ကောင်းကျိုးအတွက် ဆောင်ရွက် နေခြင်း မဟုတ်သလို ဘာသာ၊ သာသနာကို ပိုမိုညှိုးနွမ်းစေသည့် အတွက် မှန်ကန်သည့် အမျိုးသား ရေး မဟုတ်ကြောင်း ၎င်းင်းကပြော သည်။ ၎င်းင်းတို့၏ ဆောင်ရွက်မှုများ ကြောင့် တရားရင်ဆိုင် ထောင်ကျ ခဲ့ပါကလည်း နိုင်ငံရေးအကျဉ်းသား အဖြစ် အသိအမှတ် မပြုကြောင်း ၎င်းင်းက ဆိုသည်။

''ကျွန်တော်တို့က သူတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မှာ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာက တိုင်းပြည် ကောင်းကျိုးအတွက် ဆောင်ရွက်ရင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ထွန်းကားအောင်၊ နိုင်ငံသားအခွင့် အရေးတွေရရှိအောင် အထူးသ ဖြင့် ပြည်သူလူထု ကောင်းကျိုးအတွက် ဆောင်ရွက်ရင်း ဥပဒေတစ် ရပ်ရပ်နဲ့ ငြိစွန်းလို့ ထောင်ကျတဲ့သူ တွေကို သတ်မှတ်တာ။ အခုသူတို့ လုပ်နေတာက နိုင်ငံအတွက်လည်း အကျိုးမရှိဘူး''ဟု ၎င်းင်းကပြောသည်။

လက်ရှိအချိန်တွင် အမျိုးသား ရေးခေါင်းစဉ်ဖြင့် ဆောင်ရွက်နေသည့် တောင်ဒဂုံ ဆူပူမှု ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်ကို ဖမ်းဆီးထားပြီးဖြစ်သလို ယမန်နှစ် ကြေး သွန်းဘုရားရှေ့ အစိုးရပြုတ်ကျရေးအတွက် သပိတ်ဆင်နွှဲခဲ့သည့် ဦးပညာဝံသကိုလည်း ဖမ်းဆီးထားပြီ ဖြစ်သည်။

No comments:

Post a Comment