Wednesday, June 12, 2019

""တကယ့်တကယ်က မယ်ခွေရဲ့ လက်ဆောင်ကဗျာကဆေးလိပ်သောက်တာနဲ့ ပတ်သက်တာမဟုတ်ဘူး။ မေတ္တာဘွဲ့ရေးတာ။ အဲဒါကို နားမလည်ဘူး။ ဒါ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ဝင်စွက်ဖက်တာလို့ မြင်ပါတယ်"" မြန်မာစာသင်ရိုးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)

အဋ္ဌမတန်းမြန်မာစာ သင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်ခံခဲ့ရသော ကဗျာရေးသားသူမယ်ခွေ၏ "လက်ဆောင်"ကဗျာနှင့်ပတ်သက်၍ မြန်မာ စာသင်ရိုးအဖွဲ့မှ မြန်မာစာဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)အား ဆက်သွယ်မေးမြန်းခဲ့ပုံကို ဖော်ပြလိုက်ပါသည်။
မေး- မယ်ခွေရဲ့ လက်ဆောင်ဆိုတဲ့ ကဗျာနဲ့ပတ်သက်လို့ အရင်ဦးဆုံး ပြောပြပေးပါဦး။



ဖြေ- မယ်ခွေရဲ့ "လက်ဆောင်"ဆိုတဲ့ ကဗျာ လေးကို ဖြုတ်တဲ့အကြောင်း ဆရာတို့မသိ လိုက်ဘူး။ ဖေ့စ်ဘွတ်ခ်မှာ ဂယက်တွေထ တော့မှသိတယ်။ ဆိုလိုတာက ဆရာတို့ မသိလိုက်ဘဲနဲ့ ဖြုတ်လိုက်တာပေါ့။ ဆရာ တို့ဆိုတာက မြန်မာစာနဲ့ပတ်သက်တဲ့ မြန်မာစာ သင်ရိုးအဖွဲ့ထဲမှာပါတဲ့ ဆရာ တွေအကုန်လုံး မသိလိုက်ဘဲ ဖြုတ်လိုက် တာ။ မြန်မာစာသင်ရိုးအဖွဲ့ဆိုတာက ရန်ကုန်တက္ကသိုလ်က မြန်မာစာပါမောက္ခ ကဥက္ကဋ္ဌပေါ့။ ဆရာတို့တစ်တွေ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတွေက အဖွဲ့ဝင်တွေ ပေါ့။ မြန်မာစာနဲ့ပတ်သက်လို့ ဆုံးဖြတ်စ ရာရှိရင် ဒီအဖွဲ့ကပဲ ဆုံးဖြတ်တာ။ သင်ရိုး ပြဋ္ဌာန်းတာလည်း ဒီအဖွဲ့ကပဲ ပြဋ္ဌာန်းတာ။ ဖြုတ်စရာရှိလည်း ဒီအဖွဲ့ကပဲ ဖြုတ်တာ။ ဆရာတို့ ဘာမှမသိလိုက်ဘဲနဲ့ ဖြုတ်လိုက် တယ် ပြောတယ်။ ဆရာတို့ ဘယ်သူမှလည်း ဘာမှလည်း မသိလိုက်ဘဲနဲ့ လက်ဆောင် ကဗျာကို ဖြုတ်တယ်ပြောတယ်။ သူတို့လည်း မသိပါဘူး ပြောတယ်။ တကယ်တမ်းတော့ ဟုတ်တယ်ဖြစ်နေတော့ အဲဒါကြီးက အရုပ် ဆိုးတာပဲ။

မေး- ဒီလက်ဆောင်ကဗျာကို သင်လာတာ ဘယ်နှခုနှစ် ကတည်းကလဲ ဆရာ။

ဖြေ- ဒီကဗျာက အခုမှပါတာ မဟုတ်ဘူး။နှစ် ၃၀ ရှိပြီ။ အချို့က သင်ရိုးအသစ်လို့ ထင်တယ်။ မဟုတ်ဘူး။ ရှစ်တန်းစာအုပ် ထဲမှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်လောက် က တည်းက ပြဋ္ဌာန်းထားတာ။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်သင်နေတာ ဘာပြဿနာမှလည်း မရှိဘူး။ ဘယ်သူကမှလည်း ဒီဆေးလိပ် ကိစ္စ၊ ဘာကိစ္စမှလည်း မရှိဘူး။ ဒီကဗျာ လေးကို မြတ်မြတ်နိုးနိုးနဲ့ သင်နေကြတာ လေ။ မိန်းကလေးတစ်ယောက်ရဲ့ မေတ္တာ ဘွဲ့ကို သင်တာပဲ။ မေတ္တာဘွဲ့က အဓိကပဲ။ ဆေးလိပ်က အဓိကမှမဟုတ်တာပဲ။ လက် ဆောင်ကဗျာကို အရင်တုန်းကလည်း ၁၉၈၀ ကျော်လောက်က ဆရာဝန်လေးတစ်ယောက် ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကဗျာကို ကျောင်း သားတွေ၊ ကလေးတွေကို ဆေးလိပ်သောက် တာ အားပေးရာရောက်လို့ ပယ်သင့်ပါတယ် ဆိုပြီး ပညာရေးဌာနကို သွားသေးတယ်။ ပညာရေးဝန်ကြီးဌာနက ဆရာတို့ မြန်မာ စာသင်ရိုးအဖွဲ့ကို မေးတယ်။ ဆရာတို့က မဟုတ်ပါဘူး။ အဲဒီလို သဘောတရားမျိုး သက်ရောက်တာမျိုး မဟုတ်ပါဘူး။

သူ စာ ပေကို နားမလည်လို့ ပြောတာပါ။ ဆေးလိပ် သောက်တာမျိုး မဖြစ်ပါဘူး။ ဒါ ရသစာ ပေအနေနဲ့ သဘောမျိုးပြောတာပါ။ ဒီကိစ္စ ဖြစ်ခဲ့တာ နှစ် ၂၀ လောက်ရှိပြီ။ ကြာခဲ့ပြီ။အခုတစ်ခါလည်း ဘယ်သူက ဘာတွေပြန် ပြီးတော့ ဖြစ်လာလဲမသိဘူး။ ဆရာကတော့ ဒါ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ဝင်စွက်ဖက် တာလို့မြင်ပါတယ်။ ဆရာဝန်တွေ ဘာတွေ လား မသိဘူး။

မေး- ဆေးလိပ်တိုက်ဖျက်ရေးဆိုပြီး လုပ်နေတဲ့အပေါ် ဆရာ့အမြင်လေး ပြောပေးပါဦး။

ဖြေ- သူတို့ဘာသာ ဆေးလိပ်တိုက်ဖျက်ရေး တွေ လုပ်နေတာတော့ ထောက်ခံပါတယ်။ကျန်းမာရေးအတွက် ဆေးလိပ်မသောက် ဖို့ လှုံ့ဆော်တာ ကောင်းတယ်။ တကယ့်တ ကယ်က မယ်ခွေရဲ့ လက်ဆောင်ကဗျာက ဆေးလိပ်သောက်တာနဲ့ ပတ်သက်တာ မဟုတ်ဘူး။ ဆေးလိပ်အကြောင်း ဆိုပေ မယ့် တကယ့်ဆေးလိပ်အကြောင်း မဟုတ် ဘူး။ မေတ္တာဘွဲ့ရေးတာ။ အဲဒါကို နားမ လည်ဘူး။ ဆေးလိပ်ပါရင် အကုန်ဖြုတ်ဆို ပြီးလုပ်တာ။ ဒါ ဆရာတို့စာပေအတွက် အင်မတန် အန္တရာယ်ကြီးတယ်။ ဒါတွေက မလုပ်ကောင်းဘူး။ ဆရာတို့ကတော့ သ ဘောမတူဘူး။ သဘောမကျဘူး။

မေး- လက်ရှိအခြေအနေကရော။

ဖြေ- ရှစ်တန်းစာအုပ်မှာ နဂိုက ရှိတယ်။ အခုဖြုတ်လိုက်ပြီလို့ သူတို့ပြောတာ။ မြန် မာစာ သင်ရိုးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ပြီး သဘောတူညီချက်ယူပြီးတော့ ဖြုတ်တာ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ဖြုတ်တာ။ ဖြုတ်တာက ပညာရေးဝန်ကြီးဌာနက တာ ဝန်ရှိတာပေါ့။ အခုမှစတာ။ ဒီနှစ်မှာ ဒါကို ထည့်မသင်သေးဘူးဆိုတဲ့ သဘောမျိုးပေါ့။ စာအုပ်တွေက ရိုက်ပြီးသားဆိုတော့ ဒီနေ ရာ (မယ်ခွေရဲ့ လက်ဆောင်ကဗျာ) ကို ကျော်သင်မှာပေါ့။ အဲဒီသဘောပေါ့။ စာ ကတော့ ပါမှာပေါ့။ ရိုက်ပြီးသားဆိုတော့ စာက ရှိသေးတယ်။ ထည့်မသင်တော့တဲ့ သဘောပေါ့။ အခုတော့ ဆိုင်းငံ့တယ်လို့ လည်းကြားတယ်။

မေး- ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သူတို့ယူဆ တဲ့စာတွေကို တစ်ပုဒ်လုံးမဖြုတ်ဘဲနဲ့ ကျန်းမာရေးထိ ခိုက်နိုင်တဲ့အကြောင်း သတိပေးစာတွေ ပြဋ္ဌာန်းစာအုပ် ဖြည့်စွက်ရင်ရော မရနိုင်ဘူးလား။

ဖြေ- အဲဒီလိုထည့်ရင် ရှုပ်ကုန်လိမ့်မယ်။ စာ ပေမှာ ရသစာပေဆိုတာက သက်သက်။ ဟိုစာပေ(သုတစာပေ)က သက်သက်။ နယ် ပယ်ချင်း မတူဘူးလေ။ ကိုယ်မကျွမ်းကျင် တဲ့နယ်ပယ်ကို ဝင်ပြီးတော့ ရှုပ်နေသလို ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် တော့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ကို ဝင်ရောက် စွက်ဖက်တဲ့သဘော ဖြစ်နေ တယ်။

မေး- ဆရာကြီးတို့ မြန်မာစာဆရာတွေ အကုန်လုံးရဲ့ ဆန္ဒက ဘယ်လိုရှိပါသလဲ။

ဖြေ- ဆရာကတော့ ဖြုတ်တာ သဘောမ ကျဘူး။ ဘာမှမဆိုင်ဘူး။ ဆေးလိပ်နဲ့ ဘာ မှမဆိုင်ဘူး။ မေတ္တာဘွဲ့ကို မေတ္တာသင်္ကေတ အဖြစ်နဲ့ ရေးတဲ့အတွက်ကြောင့်မို့ ဒီကဗျာ သင်ခြင်းအားဖြင့် မိန်းကလေးရဲ့မေတ္တာကို အာရုံစိုက်မိအောင် ဆေးလိပ်ကို အသုံးပြု ထားတာ။ ပြောတဲ့သူတွေက စာပေနားမ လည်လို့ ပြောတာပါ။

မေး- မြန်မာစာနဲ့ ပတ်သက်လို့ ဖြုတ်တာ၊ ဖြည့်တာ၊ ပြဋ္ဌာန်းတာတွေက ဘယ်အဖွဲ့က အဓိကဆောင်ရွက်ရ ပါသလဲ။

ဖြေ- တကယ်တမ်း တာဝန်ရှိတာက မြန်မာ စာသင်ရိုးအဖွဲ့မှာပဲ တာဝန်ရှိတာ။ အခု ဟာက အပေါ်ကနေ အမိန့်ပေးသလို ဖြစ် နေတယ်။ ဒါက သဘာဝမကျဘူး။ ဆရာ တို့ မြန်မာစာသင်ရိုးအဖွဲ့ကတော့ ဒီကဗျာ ကို လုံးဝ မဖြုတ်စေချင်ဘူး။ မဖြုတ်စေချင် ဘူးဆိုတဲ့ဆန္ဒက အားလုံးမှာ ရှိပါတယ်။

မေး- အခု ဖြုတ်လိုက်တယ်ဆိုတာ သေချာသွားပြီလား။

ဖြေ- ဖြုတ်လိုက်ပြီဆိုတာ သေချာပြီပေါ့။ ဒီနေ့ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောနေပြီမလား။ ပြောတော့ ဒီလိုမျိုးလုပ် ရင် သေသေချာချာ သုတေသနလုပ်ပြီး တော့မှ လုပ်လို့ပြောတာ။ ဖြုတ်တဲ့သူတွေ ကိုပြောတာ။ ဆရာတို့ကို ပြောတာမဟုတ် ဘူး။ ဦးဇော်ဌေး ပြောတာလေ။ ဖြုတ်ခိုင်း တဲ့သူတွေကို ဆေးလိပ် တကယ်သောက် ချင်စိတ် ဖြစ်လား၊ မဖြစ်လား သေသေချာ ချာ သုတေသနလုပ်ပြီးတော့မှ ဖြုတ်လို့။ လုပ်ရင် ဟန့်တားတဲ့ သဘောမျိုးပေါ့။ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စ မလုပ်သင့်ဘူး။ သေသေချာချာ သုတေသန လုပ်ပြီးတော့မှ လုပ်သင့်တယ်။ ရမ်းသန်း ပြီးတော့ မလုပ်သင့်ဘူးလို့ ပြောသွားတယ်။

မေး- အကယ်၍ ဒီနှစ်မှာမပါတော့ရင် နောက်နှစ်မှာ ဆရာတို့အနေနဲ့ ဒီကဗျာကို ပြန်ထည့်သွားမလား။

ဖြေ- ပြန်ထည့်တာကတော့ လိုအပ်ရင် လုပ် လို့ရပါတယ်။ ဒီနှစ်ပြန်သုံးလည်း ရတယ်။ နောက်နှစ် ပြန်ထည့်လည်း ရပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ။

No comments:

Post a Comment