Wednesday, June 12, 2019

အဂတိမှုဖြင့် ထိန်းသိမ်းခံနေရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းကို ဦးဝင်းထိန် ထောင်ဝင်စာတွေ့ရန်ရှိ

အဂတိလိုက်စားမှုဖြင့် ထားဝယ်အကျဉ်းထောင်၌ ထိန်း သိမ်းခံနေရသည့် တနင်္သာရီဝန် ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်ကို ထောင်ဝင်စာတွေ့ရန် ဒီချုပ်ဗဟိုသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်သည် ဇွန်လ ၁၂ ရက်တွင် သွားရောက်မည်ဟု ပါတီဝင်အချို့က ပြောသည်။ ‘‘ဦးဝင်းထိန်က ထောင်မှာ သွားတွေ့မယ်။ ကျွန်တော်တို့က ဒီနေ့ (ဇွန်လ ၁၁ ရက် ရုံးချိန်း)မှာ လူမှုရေးအရ သွားကြည့်တဲ့ သဘောပဲ’’ဟု ကော့သောင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်ဇော်က ပြောသည်။



ဒီချုပ်ဗဟိုသဘာပတိအဖွဲ့ ဝင် ဦးဝင်းထိန်သည် တနင်္သာရီ တိုင်းသို့ ဇွန်လ ၁၀ ရက်ကစ၍ ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းခရီးအတွင်း ဒေါက် တာလဲ့လဲ့မော်နှင့် ခဲအိုတော်စပ် သည့် တိုင်းအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ တိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်း လယ်ဆည်ဝန်ကြီး အပါအဝင် ပါတီဝင်အချို့က ဦးဝင်းထိန်အား ကြိုဆိုနှုတ်ဆက်နေသည့် ဓာတ်ပုံ များ လူမှုကွန်ရက်စာမျက်နှာပေါ် ၌ ပျံ့နှံ့ခဲ့သည်။

တိုင်းဒီချုပ် အလုပ်အမှု ဆောင်အဖွဲ့ တွဲဖက်အတွင်းရေး မှူး ဦးအေးနိုင်က ‘‘သူ (ဦးဝင်းထိန်)ဆရာမ (ဒေါက်တာလဲ့လဲ့မော်) အနားလာဖို့ ကြံနေတာကြာပါပြီ။ စောစောပိုင်းက လာလို့ရှိရင် တစ် မျိုးတစ်မည်ဖြစ်မှာစိုးလို့ အခုကြာ မှ လာတာ။ သူ (ဦးဝင်းထိန်)က ထောင်ကျဖူးတဲ့သူဖြစ်တော့ ထောင် အတွေ့အကြုံတွေကို ပြောချင်လို့၊ အားပေးချင်လို့၊ စိတ် ဓာတ်ကျမှာစိုးလို့ လာတာပါလို့ ပြောပါတယ်’’ဟု ရှင်းပြသည်။

ဇွန်လ ၁၁ ရက်ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော်ထံ တိုင်းဒီ ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် အချို့နှင့် လွှတ်တော်ကိုယ်စား လှယ်အချို့တို့ သွားရောက်တွေ့ ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာ တွင်လည်း ပါတီတာဝန်ဖြင့် သွား ရောက်ခြင်းမျိုးမဟုတ်ဘဲ တိုင်း ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သဖြင့် ၎င်းကို လူမှုရေး အရ တွေ့ဆုံခြင်းသာဖြစ်ကြောင်း ဦးအေးနိုင်က ဆိုသည်။

ဦးဝင်းထိန်၏ တနင်္သာရီ တိုင်းခရီးစဉ်နှင့် ပတ်သက်၍ ဒီချုပ် ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ‘‘ဒေါ်လဲ့လဲ့ မော်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ ဒုက္ခရောက်နေတဲ့အချိန်မှာ အား ပေးစကားပြောဖို့ဆိုပြီး သွားမယ် ဆိုတာ အကြီးအကဲတွေ အကုန် လုံးအသိပေးပြီးမှ သွားတာပါ။ ပါတီတာဝန်တော့မဟုတ်ပါဘူး’’ ဟု ဇွန်လ ၁၁ ရက်က ပြောသည်။

No comments:

Post a Comment