Wednesday, June 12, 2019

ပလိပ်မြို့တွင် ပီနံအိတ်စက်ရုံမီးလောင်

ပလိပ်မြို့တွင် ပီနံအိတ်စက်ရုံမီးလောင်မှု ယနေ့ ဇွန် ၁၂ ရက်က ဖြစ်ပွားခဲ့သည်။ ယနေ့နံနက် ၂ နာရီခန့်တွင် ပလိပ်မြို့ရှိ ပီနံအိတ်စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပလိပ်နယ်မြေရဲစခန်းမှတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ပေ ၇၀ /ပေ ၂၀ အကျယ်ရှိ သံဖရိန်သွပ်မိုး အဆောက်အဦ မီးလောင်ကျွမ်းခြင်းဖြစ်သည်။ သက်ဆိုင်ရာ၏စုံစမ်းချက်အရ အဆိုပါ အဆောက်အဦအတွင်း ပီနံအိတ်ကုန်ကြမ်း၊ ပီနံအိတ်ခွံများ စုပုံထားရာမှ အပူရှိန်လွန်ကဲ မီးလောင်ကျွမ်းခဲ့သည်ဟု သုံးသပ်ထားသည်။ အဆိုပါမီးလောင်မှုသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူရပ်ကွက်သားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ စက်ရုံမန်နေဂျာကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

No comments:

Post a Comment