Wednesday, June 12, 2019

ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် ငါးလအတွင်း လူ ရှစ်ဦးသေဆုံး

ရန်ကုန်တိုင်းတွင် ယခု နှစ် ငါးလအတွင်း သွေးလွန်တုပ် ကွေးရောဂါကြောင့် လူ ရှစ်ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။ ယခုနှစ် ဇန်န၀ါရီမှ မေလ နောက်ဆုံးပတ်အထိ ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြောင့် ဆေးရုံတက်ကုသရသူ ၆၇၀ ဦးရှိကာ ယင်းတို့အနက်ရှစ် ဦးသေဆုံးခဲ့သည်။ သေဆုံးသူ များအနက် အသက်(၁၅)နှစ် အောက် ကလေးများအပြင် (၁၅)နှစ်အထက် လူကြီးများလည်း ပါဝင်သည်။



‘‘တစ်ယောက်ဆို အသက် (၆၀)ကျော် သေဆုံးတာတွေ့ရ တယ်။ လူကြီးတွေကျတော့ သွေး လွန်တုပ်ကွေးလို့ မထင်တာလည်း ပါတယ်။ နောက်တစ်ခုကျတော့ တခြားရောဂါတွေနဲ့ တွဲထင်နေတဲ့ သဘောမျိုးလည်း ရှိတာပေါ့နော်။ ဒါကြောင့်မို့ ဒီအချိန်မှာတော့ ကလေးရော လူကြီးပါ သတိထား ဖို့ လိုတယ်။ သွေးလွန်တုပ်ကွေး ဆိုတာက အသက်အရွယ်မရွေး ဖြစ်တတ်ပြီး သေဆုံးတဲ့အထဲမှာ ပါတဲ့အတွက်ကြောင့်မို့ သတိ ထားရမှာပေါ့နော်’’ဟု ဒေါက်တာ အေးမွန်မွန်ကျော်က ပြောသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှစ်စက စတင်ကာ သွေးလွန်တုပ်ကွေးနှိမ် နင်းရေးဖြစ်သော ဖုံးသွန်လဲစစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မေလတွင် ဦးတည်ရာနေရာအ လိုက် ရက်သတ္တပတ်လုံး၌ သွေး လွန်တုပ်ကွေးကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများကို နှီးနွှယ်ဌာန များနှင့် ပူးပေါင်းဆောင်ရွက်ရန် မြို့နယ်များအထိ လမ်းညွှန်ထား ခြင်းတို့အပြင် ဆေးရုံများတွင် သတင်းပို့စနစ် ဆောင်ရွက်နေ သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား မှု ၂၀၁၈ ၌ ၃,၆၄၉ ဦးရှိပြီး ၂၅ဦး သေဆုံးကာ ၂၀၁၇ တွင် ၇,၄၉၀ ဦး ဖြစ်ပွား၍ ၆၀ ဦး သေဆုံးခဲ့ သည်။

No comments:

Post a Comment