Wednesday, June 12, 2019

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ ယခုလကုန်ပိုင်းတွင် ထုတ်ပေးမည်

၂၀၁၉ခုနှစ် တက္က သိုလ်ဝင်တန်း အောင်လက်မှတ်များ ယခုလကုန်ပိုင်းခန့်တွင် ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ခုနှစ်တွင် တက္ကသိုလ်ဝင် တန်းအောင်မြင်ထားသော ကျောင်း သား၊ ကျောင်းသူများ၏ တက္ကသိုလ် ဝင်တန်း အောင်လက်မှတ်များကို ဇွန်လလကုန်ပိုင်းခန့်တွင် ထုတ်ပေး နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၁၉ခုနှစ် တက္ကသိုလ် ဝင်တန်း အောင် ကျောင်းသား၊ ကျောင်းသူ များ၏လက်မှတ်များကို ရန်ကုန် လှိုင် တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးအ မှတ်(၅၂)တို့တွင်သာ ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ သိရသည်။



""အောင်လက်မှတ်ကတော့ လ ကုန်ပိုင်းလောက်ထုတ်ပေးမယ်။ သုံး ပတ်မြောက်လောက်ပေါ့။ အောင် လက်မှတ်က ပျောက်တယ်ဆိုရင် တော့ မိတ္တူပဲထပ်ပြီးလျှောက်နိုင် တော့မယ်""ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုး ညွှန့်က ဒီမိုကရေစီတူဒေးသို့ ဇွန် ၁၁ရက်က ပြောသည်။
ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အောင်လက်မှတ်များကို မိမိတို့ကိုယ်တိုင် လာရောက်ထုတ် ယူရမည်ဖြစ်သော်လည်း ကိုယ်စား ထုတ်ယူလိုပါက ကိုယ်စားထုတ်ယူ မည့်သူ၏မှတ်ပုံတင်မိတ္တူ၊ ကျောင်း သား၊ ကျောင်းသူ၏ မှတ်ပုံတင် မိတ္တူ၊ ဓာတ်ပုံနှစ်ပုံ၊ မိမိတို့ဖြေဆိုခဲ့ သည့် စာစစ်ဌာ၊ ခုံအမှတ်၊ ဖြေဆို သည့်ခုနှစ်တို့ကို တစ်ပါတည်းယူ ဆောင်လာရမည်ဖြစ်ကြောင်း သိရ သည်။

""အောင်စာရင်းထွက်ပြီးရင် တော့ အောင်လက်မှတ်မှာ အချက် အလက်ကပြင်လို့မရတော့ဘူး။ အ ချက်အလက် ပြင်ချင်တယ်ဆိုရင် အောင်စာရင်းမထွက်ခင် လုပ်မှရ တာ""ဟု ၄င်းက ဆက်လက်ပြော သည်။တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်ထုတ်ယူပြီး ပျောက်ဆုံး သူများအနေဖြင့် အောင်လက်မှတ် မိတ္တူကို ပြန်လည်လျှောက်ထားမည် ဆိုပါက တစ်နှစ်အကြာမှသာ ပြန် လည်လျှောက်ထားခွင့် ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ အောင်

လက်မှတ်မူရင်း ပျောက်ဆုံးကြောင်း အစီအရင်ခံစာနှင့်ပူးတွဲကာ အောင် လက်မှတ်ကို မည်ကဲ့သို့ပုံစံဖြင့်ပျောက် ဆုံးခြင်း၊ ပျောက်ဆုံးသောအောင် လက်မှတ်ကို အခြားသူတစ်ဦးဦးက အသုံးပြုနေပါက မိမိကလုံးဝတာဝန် ယူပါမည်ဟူသော ကတိခံဝန်ချက်တို့ နှင့်အတူ ပညာရေးဝန်ကြီးဌာနလက်
အောက်တွင် တာဝန်ထမ်းဆောင် နေသော ပြန်တမ်းဝင်အရာရှိနှစ်ဦး ၏လက်မှတ်တို့နှင့်အတူ ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှသိရ သည်။ယခုနှစ်တွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အောင်မြင်သူနှစ် သိန်းခြောက်သောင်းကျော် ရှိခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment