Wednesday, June 12, 2019

အင်းလျားကန်ဘောင်မှာ လက်ပစ်ဗုံးတွေ့

ရန်​ကုန်​မြို့ အင်းလျားကန်​​ဘောင်​တွင်​ ယ​နေ့ ​နေ့လည်​ ၁နာရီခွဲအချိန်​က လက်​ပစ်​ဗုံး တစ်​လုံး​တွေ့ရှိခဲ့​ကြောင်း အ​နောက်​ပိုင်းခရိုင်​ ရဲတပ်​ဖွဲ့မှ တာဝန်​ရှိသူတစ်​ဦးက ​အတည်​ပြု​ပြောကြားသည်​။ " မြက်သန့်​ရှင်း​ရေးလုပ်​တဲ့အဖွဲ့က ​တွေ့တာပါ။ တရုတ်​နိုင်​ငံလုပ်​ လက်​ပစ်​ဗုံးပါ"ဟု ၎င်းက ​ပြောသည်​။ အဆိုပါ လက်​ပစ်​ဗုံး​တွေ့ရှိမှု​ကြောင့်​ မိုင်းရှင်းလင်း​ရေးတပ်​ဖွဲ့ ​ရောက်​ရှိလာပြီး ရှင်းလင်း​နေ​ကြောင်း ၎င်းက ဆက်​လက်​​ပြောသည်​။

No comments:

Post a Comment