Wednesday, June 12, 2019

မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်၌ ယာဉ်ကြောပိတ်ဆို့နေမှုကို ရှင်းလင်းရန် ယာဉ်ဝင်ထွက်ချိန်များ သတ်မှတ်

 မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ပေါ်တွင် နေ့စဉ်နှင့် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါ အခက်အခဲအား ဖြေရှင်း နိုင်ရန် မြဝတီမြို့မှ တာဝန်ရှိသူများ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁) ချစ်ကြည်ရေး တံတား ကြီးရုံးခန်း၌ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်မှ ကုန်တင် ယာဉ်များသည် မြန်မာဘက်ရှိ ကုန် သွယ်ရေးဇုန်သို့ နေ့စဉ် အစီး ၄၀ဝ ခန့် ကုန်လာပို့နေကြသည့် အတွက် ချစ်ကြည်ရေးတံတားကြီးပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ် နေရခြင်းအပြင် အေးဂျင့်များအနေ ဖြင့်လည်း လုပ်ငန်းဆောင်ရွက်ရာ တွင် အချိန်နှင့် တစ်ပြေးညီ လုပ် ဆောင်ပေးနိုင်ခြင်း မရှိမှုများ ကြောင့်လည်း ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု သိရသည်။



""ကျွန်တော်တို့ ခရိုင်အုပ်ချုပ် ရေးမှူးရဲ့ လမ်းညွှန်ချက်နဲ့ အစည်း အဝေးပြုလုပ်ပြီး နေ့စဉ် နံနက်ပိုင်း မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲ မှာ ထိုင်းကုန်တင်ယာဉ်တွေ တံတား ကြီးက စတင်စေလွှတ်ဖို့၊ ကုမ္ပဏီ အေးဂျင့်တွေ နံနက် ၆ နာရီအရောက် လာကြဖို့၊ ညနေပိုင်းမှာ ထိုင်းဘက် ကနေ မြန်မာဘက်ဝင်မယ့် ခါလီ ကားတွေကို မွန်းလွဲ ၃ နာရီ နောက် ဆုံးထားပြီး ကုန်တင်ကားတွေကို ည နေ ၄ နာရီခွဲ နောက်ဆုံးထားပြီး မြဝတီကို ဝင်ရောက်ဖို့ သတ်မှတ် ကြတယ်။ မြဝတီက မဲဆောက်ကို ပြန်လည်ထွက်ခွာမယ့် ထိုင်းကား တွေ မြန်မာစံတော်ချိန် ည ၈ နာရီ တံတားပိတ်မှာ ဖြစ်တဲ့အတွက် မ မျှော်လင့်တဲ့ အခက်အခဲများကြောင့် ည ၈ နာရီ ၁၅ မိနစ်အထိ သတ် မှတ်အတည်ပြုကြတယ်""ဟု မြဝတီ မြို့ မြန်မာ-ထိုင်းအမှတ် (၁)ချစ်ကြည် ရေးတံတားကြီးမှ တာဝန်ခံအရာရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဒုတိယဌာနခွဲမှူး ဦးအက်စ်လင်းရောင်က ပြောကြား သည်။

အဆိုပါဆွေးနွေးမှု ရလဒ်များ ကို ထိုင်းနိုင်ငံဘက်သို့ အကြောင်း ကြားပြီး တစ်ပတ် အချိန်ပေးသွား မည်ဖြစ်ကာ တစ်ပတ်ကျော်ပါက ဆွေးနွေးပွဲ စည်းကမ်းချက်များကို မလိုက်နာပါက ထိုင်းကုန်တင်ယာဉ် များ၊ ကုမ္ပဏီအေးဂျင့်များကို ဒဏ် ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment