Wednesday, June 12, 2019

ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်းတိုးလာသော်လည်း ဘာသာစုံဂုဏ်ထူးရသူ လျော့ကျသွားဟုဆို

  ရခိုင်ပြည်နယ်၏ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေး ပွဲအောင်ချက် ရာခိုင်နှုန်းမှာ ယခင် နှစ်ထက် တိုးတက်လာသော်လည်း ဘာသာစုံ ဂုဏ်ထူးရရှိသူသည် ယ ခင်နှစ်ကထက် လျော့ကျသွား ကြောင်း ပြည်နယ်ပညာရေးမှူးရုံး မှ သိရသည်။ ရခိုင်ပြည်နယ်၏ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄၅ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ် တွင် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းအ ထိ တိုးတက်လာခဲ့ပြီး ယခင်နှစ်က ရခိုင်ပြည်နယ်တွင် ဘာသာစုံဂုဏ် ထူးရရှိသူ ၁၇ ဦး ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၆ ဦးသာ ရှိကြောင်း ဇွန် ၈ ရက်တွင် ပြည်နယ်ပညာ ရေးမှူးရုံးက ထုတ်ပြန်သည့် တက္က သိုလ်ဝင်တန်း အောင်စာရင်းအရ သိရသည်။



""အောင်ချက်ရာခိုင်နှုန်း တိုး လာပေမယ့် ဂုဏ်ထူးရသူ အရင်နှစ် ထက် နည်းတာက ကျွန်တော်တို့ စာ မေးပွဲကာလအတွင်း မသမာမှုမရှိ အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအောင် မြင်မှု ရရှိသူတွေ အားလုံးဟာ တ ကယ့်အရည်အချင်းရှိလို့ အောင်မြင် ကြတာဖြစ်ပါတယ်""ဟု ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်အတွင်း မှ ဘာသာစုံဂုဏ်ထူးရှင် ၁၆ ဦး၊ ငါး ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ သုံး ဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ နှစ်ဘာ သာဂုဏ်ထူးရှင် ၁၄၄ ဦးနှင့် တစ် ဘာသာဂုဏ်ထူးရှင် ၆၂၉ ဦးတို့ ထွက်ပေါ်ခဲ့သည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူဦးရေ ၄၂၀ဝ၀ ကျော် ဝင်ရောက်ဖြေဆို ခဲ့ရာ ယင်းအနက်မှ ကျောင်းသား၊ ကျောင်းသူ ၁၀ဝ၀ဝ ကျော်အောင် မြင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment