Wednesday, June 12, 2019

ဦးကိုနီအမှုတွင် သေဆုံးခဲ့ရသော အငှားယာဉ်မောင်းကိုနေဝင်း၏ ကျန်ရစ်သူမိသားစုကို နာကူမှ ထောက်ပံ့

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင် တရားခံအား ကူညီဖမ်းဆီးပေးစဉ် အသက်ဆုံးရှုံးခဲ့ရသည့် အငှားယာဉ်မောင်းသမား ကိုနေဝင်း၏ ကျန်ရစ်ခဲ့သူမိသားစုများကို နာရေးကူညီမှုအသင်းရန်ကုန်မှ ဇွန် ၁၂ ရက်နေ့တွင် ငွေကျက် ၁၀ သိန်းနီးပါး ထောက်ပံ့ပေးအပ်ခဲ့သည်။ “သူတို့ မိသားစု၊ ကလေးတွေအတွက်ဆိုပြီး အစ်မတို့အသင်းကို အဖွဲ့အစည်းတွေက လှူထားတဲ့ အလှူငွေတွေ ရှိပါတယ်။
နောက်ပြီးတော့ အစ်မတို့အသင်းကလည်း အဲ့ဒီအချိန်တုန်းက ဒီကလေးတွေအတွက်ကို တစ်ခုခု လုပ်ပေးမယ်ဆိုပြီးတော့ စဉ်းစားထားတာ ရှိတယ်။ လုပ်ပေးလည်း လုပ်ပေးသင့်တယ်ဆိုပြီးတော့လေ စဉ်းစား ထားတာ ရှိတဲ့အတွက်ကြောင့်ပေါ့။ အဲဒီအချိန်က အဲ့ဒီအတွက် လှူထားတာတွေ ရှိတာပေါ့။ အဲ့ဒီဟာတွေကို အသင်းက လှူပေးတာပါ။ ကလေးတွေ ကြီးတဲ့အထိ နှစ်စဉ် ပုံမှန်လေးလှူဖို့ ရှိပါတယ်”ဟု နာရေးကူညီမှု အသင်းရန်ကုန်၏ စီအီးအို ဒေါ်စောသင်ဇာတိုးက မဇ္ဈိမကို ပြောသည်။

No comments:

Post a Comment