Wednesday, June 12, 2019

ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်များတွင် စပိန်၊ ဒိန်းမတ်၊ မြောက်အိုင်ယာလန်၊ ပိုလန်နှင့် ယူကရိန်းတို့အနိုင်ရ

 ယူရို ၂၀၂၀ ခြေစစ်ပွဲ တွင် အသင်းခေါင်းဆောင် ရာမို့စ် ကြောင့် စပိန်သည် ဆွီဒင်ကို သက်သောင့်သက်သာကစားကာ သုံး ဂိုးပြတ်အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သည်။ ရီးရဲလ်မက်ဒရစ် နောက်ခံ လူ ရာမို့စ်က ၆၄ မိနစ်တွင် ပင် နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်း ယူပြီးနောက် မိုရက်တာနှင့် အိုယာဇာဘယ်လ်က ဒုတိယနှင့် တတိယဂိုးများ သွင်းယူခဲ့သည်။ နိုင်ငံတကာပွဲ ၁၆၅ ပွဲကစား ပြီး ဂိုး ၂၀ သွင်းယူနိုင်ခဲ့သော ရာမို့စ်သည် ယခုအခါ နိုင်ငံတကာနိုင်ပွဲအများဆုံး ၎င်း၏ စံချိန်ကို ၁၂၃ ပွဲအထိ တိုးမြှင့်နိုင်ခဲ့သည်။



ထို့အပြင် ရာမို့စ်သည် စပိန် အတွက် ပွဲထွက်အများဆုံးကစား သမားအဖြစ် ဂိုးသမားကာဆီး လက်စ်၏ စံချိန်ကို လိုက်မီရန် နှစ်ပွဲသာ လိုတော့သည်။ နော်ဝေးက ဖာရိုးကျွန်းစုကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီး ရိုမေးနီး ယားက မော်လ်တာကို လေးဂိုး ပြတ် အနိုင်ရခဲ့သည်။

အုပ်စု (F)တွင် လေးပွဲစီ ကစားပြီးချိန်၌ စပိန်က ၁၂ မှတ် ဖြင့် ပထမ၊ ဆွီဒင်နှင့် ရိုမေးနီးယားက ခုနစ်မှတ်စီ ရထားပြီး နော်ဝေး က ငါးမှတ်ရရှိထားသည်။

အုပ်စု (D)တွင် မြောက်အိုင် ယာလန်က ဂျီဘရော်တာကို ခက်ခက်ခဲခဲကစားကာ ၂-၀ ဂိုး ဖြင့် အနိုင်ရပြီး လေးပွဲကစား ၁၀ မှတ်ရကာ အုပ်စုဗိုလ်ဖြစ်နေ သည်။ရလဒ်ကို ကျေနပ်သော် လည်း စွမ်းဆောင်ရည်ကို မကျေ နပ်ကြောင်း မြောက်အိုင်ယာလန် နည်းပြ မက္ကာသီက ပြောသည်။ ‘‘စွမ်းဆောင်ရည်က ကျေ နပ်စရာလား၊ ဘာပဲဖြစ်ဖြစ် ၁၀ မှတ်ရထားတယ်။ ဒါကြောင့် ဝမ်း သာပြီး စိတ်လှုပ်ရှားပါတယ်’’ဟု မက္ကာသီက ပြောသည်။

ဒိန်းမတ်က ဂျော်ဂျီယာကို ၅-၁ ဂိုးဖြင့် အနိုင်ရပြီး သုံးပွဲ ကစား ငါးမှတ်ဖြင့် ဒုတိယနေရာ သို့ တက်လာသည်။ ဆွစ်ဇာလန်သည် နှစ်ပွဲသာ ကစားရသေးပြီး လေးမှတ်ရရှိကာ တတိယနေရာ၌ ရှိနေသည်။

တိုက်စစ်မှူး လီဝမ်ဒေါစကီး ၏ ပိုလန်က အစ္စရေးကို လေးဂိုး ပြတ်ချေမှုန်းပြီး လေးပွဲကစား ရာနှုန်းပြည့်နိုင်ပွဲဖြင့် အုပ်စု (G) ၌ ဦးဆောင်ထားသည်။ မြောက်မက်ဆီဒိုးနီးယားကို ၄-၁ ဂိုးဖြင့် အနိုင်ရသော ဩ စတြီးယားက ခြောက်မှတ်ရခဲ့ပြီး ဒုတိယနေရာရှိ အစ္စရေးထက် တစ်မှတ်လျော့နည်းနေသည်။

လက်ရှိချန်ပီယံ  ပေါ်တူဂီ ပါဝင်သော အုပ်စု (B)တွင် ယူက ရိန်းက လူဇင်ဘတ်ကို ၁-၀ ဂိုး ဖြင့် အနိုင်ရပြီးနောက် လေးပွဲ ကစား ၁၀ မှတ်ဖြင့် အုပ်စုဗိုလ်အ ဖြစ် ရပ်တည်နေသည်။ လစ်သူရေးနီးယားကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ဆားဘီး ယားက လူဇင်ဘတ်နှင့် လေးမှတ် စီတူသော်လည်း တစ်ပွဲကစားရန် ကျန်သေးသည်။ ပေါ်တူဂီက နှစ် ပွဲကစားထားချိန်တွင် နှစ်မှတ်သာ ရရှိထားသည်။

No comments:

Post a Comment