Friday, June 14, 2019

မန္တလေးတိုင်းရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကို ကန့်ကွက်ထားမှု ကန့်ကွက်သူရှုံး ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်မှုနှစ်မှုလုံးတွင် ဒီချုပ်အနိုင်ရ

 မန္တလေးတိုင်းဒေ သကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခံထားရ သော ဒီချုပ်ပါတီဝင် ဦးစိုင်းပန်း ဆိုင်အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ကန့်ကွက်ထားမှုကို ဇွန်လ ၁၃ ရက်တွင် အမိန့်ချမှတ်ရာ ဒီချုပ်ပါ တီအား အနိုင်ပေးခဲ့သည်။ SNLD က တင်ထားသည့် အချက်လေးချက်သည် ကိုက်ညီမှု မရှိသဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မိမိတို့ အား အနိုင်ပေးခဲ့ကြောင်း ဒီချုပ် ပါတီကိုယ်စားလှယ်၏ရှေ့နေ ဦးနေမျိုးဆွေက ရှင်းပြသည်။



‘‘ဒါကြောင့်မို့လို့ ဒေါ်နန်း ထွေးမှုံရဲ့ ကန့်ကွက်လွှာကို ပလပ် လိုက်ပြီးတော့ တရားစရိတ်ကျပ် နှစ်သိန်းကို ဦးစိုင်းပန်းဆိုင်ကိုပေး စေလို့ အမိန့်ချမှတ်လိုက်တယ်’’ ဟု ဦးနေမျိုးဆွေက မီဒီယာများ အား ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်ချက်ချမှုအ ပေါ် မပြောလိုသော်လည်း ငွေစာ ရင်းအသုံးပြုမှုနှင့်ပတ်သက်၍ ဝန်းရံသူများ အသုံးပြုသောငွေ စာရင်းကို ထည့်သွင်းသတ်မှတ် ခြင်းမပြုသည့်အပေါ် နားမလည် နိုင်ကြောင်း SNLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြော သည်။

ကော်မရှင်ထံသို့ တင်ပြရာ တွင် အချက်လေးချက်ပါဝင်ပြီး အဓိက ဦးစိုင်းပန်းဆိုင်၏ ငွေစာ ရင်းတင်ပြမှုတွင် ရွေးကောက်ပွဲ ကာလအတွင်း ၎င်း၏ဝန်းရံသူများ အသုံးပြုခဲ့သော အသုံးစရိတ်များ ထည့်သွင်းတွက်ချက်ဖော်ပြထား ခြင်းမရှိသည့်အချက်တစ်ချက် ပါဝင်သည်။

ယင်းအချက်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီ၏ မူဝါဒဖြစ် ပြီး မထည့်သွင်းခြင်းသည်မှန်ကန် ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ကန့် ကွက်သူ SNLD ကိုယ်စားလှယ် ဒေါ်နန်းထွေးမှုံက ဆိုသည်။

‘‘ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၇၃ မှာ လာပြီးတော့ ကူညီ တဲ့လူတွေကို ဥပမာ-ကုမ္ပဏီက ဖြစ်စေ၊ တစ်ဦးချင်းကဖြစ်စေ၊ ပါတီကနေဖြစ်စေ အဲဒီလိုကူတာ တွေရဲ့ ကျသင့်တာကို ငွေစာ ရင်းထဲမှာ ထည့်ရမယ်။ သေချာ မှတ်ထားရမယ်ဆိုတဲ့ဟာကို ဥပ ဒေမှာ ပါနေပြီးသား။ အဲဒါကြီးကို သူတို့က ထည့်မသုံးသပ်ဘဲနဲ့ ပါတီရဲ့ မူဝါဒအရ မထည့်တာပါ လို့ဆိုတာကို ပါတီရဲ့မူဝါဒအရမှန် တယ်ဆိုပြီးတော့ ပြောတယ်’’ ဟု ဒေါ်နန်းထွေးမှုံက ပြောသည်။

ဆက်လက်၍ ‘‘ကော်မရှင် ရဲ့ ဥပဒေကမျှတမှကျွန်မတို့နိုင်ငံ ကြီးက ကောင်းမှာပါ။ ဒါပေမဲ့ ကော်မရှင်က ဥပဒေနဲ့အညီ မ ဟုတ်ဘူးဆိုရင်တော့ အများကြီး မြင်စရာရှိတယ်လို့ ယူဆပါတယ်’’ ဟု ၎င်းကမှတ်ချက်ပြုသည်။

ယင်းကန့်ကွက်မှုနှင့် ပတ် သက်၍ သတ်မှတ်ပေးထားသော ၁၅ ရက်အတွင်း အယူခံပြန်လည် တင်ပြမည်ဟု ဒေါ်နန်းထွေးမှုံက ဆိုသည်။ ၂၀၁၈ အတွင်း လစ် လပ်မဲဆန္ဒနယ်များအတွက် ကျင်း ပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် ကျေနပ်မှုမရှိသဖြင့် ကန့်ကွက်ခဲ့သည့် ကန့်ကွက်လွှာ နှစ်မှုရှိခဲ့ရာ ယင်းနှစ်ခုစလုံးတွင် အာဏာရပါတီက အနိုင်ရရှိခဲ့ သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်၌ အနိုင်ရရှိထားသော ပြည်ခိုင်ဖြိုး (USDP) ကိုယ်စား လှယ်ကို ရွေးကောက်ပွဲတရားမဲ့ပြု ကျင့်မှုများ ကျူးလွန်သည်ဟု NLD ပါတီက ကန့်ကွက်ခဲ့သောအ မှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၃၀ တွင် NLD ပါတီအား အနိုင်ပေးခဲ့သည်။

No comments:

Post a Comment