Wednesday, May 22, 2019

အမှုဖွင့်ခံရသည့် ဗိုလ်ချုပ်ရုပ်တုကန့်ကွက်သူ ခြောက်ဦးစုံပါက သွားရောက်အဖမ်းခံမည်ဟုဆို

ပုဂ္ဂိုလ်ဆိုင်ရာ လွတ် လပ်မှုဥပဒေဖြင့် အမှုဖွင့်ခံရသည့် လူငယ်ခြောက်ဦးသည် ထွက်ပြေး နေခြင်းမဟုတ်ဘဲ လူစုံအောင် စုပြီးပါက သွားရောက်အဖမ်းခံ မည်ဟု ဗိုလ်ချုပ်ရုပ်တုကိစ္စနှင့် ပတ်သက်၍ ဦးဆောင်ကန့်ကွက် သူ ကိုဒီးဒီက ပြောသည်။ လက်ရှိတွင် ၎င်းတို့သည် လုံခြုံသည့် နေရာတစ်နေရာတွင် ရှိနေပြီး အမှု၌ပါဝင်သည့် လူငယ် တစ်ဦး ခရီးလွန်နေခြင်းကြောင့် ဆက်သွယ်အကြောင်းကြားထား သည်ဟု ဆိုသည်။ ယင်းလူငယ် ရောက်ရှိလာပါက လွိုင်ကော် မြို့မရဲစခန်းသို့ ၎င်းတို့ကိုယ်တိုင် သွားရောက်အဖမ်းခံမည်ဟု ကိုဒီး ဒီက ဆိုသည်။



‘‘နောက် တစ်ရက်၊ နှစ်ရက် လောက်နေပြီးရင် အကုန်လုံး သွားအဖမ်းခံမယ်။ လူစုံအောင် ရယ်၊ နောက် ကျွန်တော်တို့အထဲ ရောက်သွားရင် ဘာတွေဆက် လုပ်မယ်ဆိုတာ ဆွေးနွေးထားခဲ့ မလို့ ကျွန်တော်တို့ မပြေးပါဘူး’’ ဟု ၎င်းက မေလ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပြောသည်။

၎င်းလူငယ်ခြောက်ဦး၏ လက်မှတ်ရေးထိုးထုတ်ပြန်သော ကြေညာချက်တွင် ကယားပြည် နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် စီမံ ဘဏ္ဍာရေးတို့ကို နိုင်ငံရေး ရာဇ ဝတ်ကောင်၊ ကရင်နီ အမျိုးသား သစ္စာဖောက်များဟု ဖော်ပြထား သည်။

အဆိုပါ ကြေညာချက်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ပစ်စာ သဘောဖြင့် ရောက်ရှိလာသဖြင့် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသက်နောင်က တရားလိုလုပ်၍ မေလ ၁၆ ရက်တွင် လွိုင်ကော် မြို့မရဲစခန်း၌ ကိုဒီးဒီ အပါအဝင် လူငယ်ခြောက်ဦးကို နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနှင့် လုံခြုံမှုကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။

လက်ရှိတွင် လူငယ်ခြောက် ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရေးအ ဖွဲ့များ ဖွဲ့စည်းကာ လိုက်လံဖမ်း ဆီးနေပြီး နေအိမ်များသို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ လာရောက်ရှာဖွေနေ ကြောင်း ကိုဒီးဒီက ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွိုင်ကော်မြို့မရဲစခန်းသို့ မေလ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် ဆက်သွယ်မေးမြန်းရာ ‘‘ဖမ်းထား တာတော့ မရှိသေးဘူးဗျ’’ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက အတည်ပြုပြောသည်။ သို့သော် အသေးစိတ်ဖြေဆိုရန် တာဝန်မရှိ ကြောင်း ပြောကြား၍ ဖုန်းချသွား သည်။

လွိုင်ကော်မြို့ ကန္ဒာဟေဝန်  ပန်းခြံအတွင်း စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေး ရုပ် ပြောင်းရွှေ့ရေး နှစ်ဖက်ဆွေး နွေးမှု ပျက်ပြယ်ပြီးနောက် ပြည် နယ်အစိုးရအဖွဲ့က အရေးကြီး ကာလအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ရုပ်တုရှိ ရာ ပန်းခြံနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးသို့သွားရာ လမ်းများတွင် လုံခြုံရေးအတားအဆီးများချကာ လက်ရှိအချိန်အထိ လုံခြုံရေးတိုး မြှင့်ထားသည်။

No comments:

Post a Comment