Wednesday, May 22, 2019

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသော မြို့နယ်တရားသူကြီးကို ဖမ်းဝရမ်းထုတ်

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသော ကျောက် တံခါးမြို့နယ် တရားသူကြီး ဒေါ်ရည်ရည်မွန်ကို ဖမ်းဝရမ်း ထုတ်ပြန်ကာ ရဲတပ်ဖွဲ့က လိုက် လံဖမ်းဆီးနေကြောင်း ခင်ဦးမြို့မ ရဲစခန်းမှူးက ပြောသည်။  မြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန်သည် ကျပ်သိန်း ၂၀ လာဘ်ယူခဲ့၍ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိပုဒ်မ ၅၆/၆၃ ဖြင့် အမှုဖွင့် ထားပြီး ၎င်းသည် ထွက်ပြေးတိမ်း ရှောင်နေသည်။ ရဲတပ်ဖွဲ့က ဒေါ်ရည်ရည်မွန် ကို လိုက်လံဖမ်းဆီးနေပြီး တရားခံပြေးအား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ်အ ကြောင်းကြားပေးရန် တရားခံ၏ မှတ်တမ်းဓာတ်ပုံကို မေလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
  ‘‘ကျွန်တော်တို့ကတော့ တရားခံပြေးကိုတွေ့ရင် ချက်ချင်း အကြောင်းကြားဖို့ ထုတ်ပြန်ထား တယ်။ လက်ရှိတော့ မမိသေးဘူး။ စုံစမ်းနေတုန်းပါပဲ။ တရားခံကို မိရင်လည်း ကော်မရှင်က တရား စွဲဆိုဖို့ ဆက်လုပ်သွားမှာပါ။ ကော်မရှင်ကပဲ အမှုဖွင့်ပြီး တရား စွဲဆိုတာ။ ကျွန်တော်တို့က လိုက် လံဖမ်းဆီးပေးရုံပါ’’ဟု ခင်ဦးမြို့မ ရဲစခန်းမှူးက ပြောသည်။

ဒေါ်ရည်ရည်မွန်သည် စစ် ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် မြို့ နယ်တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ် ၂၀၁၇ က တရား ခံထံမှ ငွေကြေးရယူပြီး အမိန့်ချခဲ့ သောကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက် စားမှု ကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ကော်မရှင်က ပြီးခဲ့ သည့် ရက်ပိုင်းအတွင်း ထုတ်ပြန် ခဲ့သည်။

သစ်တောဥပဒေပုဒ်မ ၄၂ (ခ)အရ တရားစွဲဆိုခဲ့သည့် တရား ခံ၏ မိခင်ထံမှ တရားခံရှေ့နေ ဒေါ်ဇာခြည်ဝင်းသည် မြို့နယ် တရားသူကြီးနှင့် တရားရုံးဝန် ထမ်းများအားပေးရန် ကျပ် ၃,၀၂၀,၀၀၀ တောင်းခံခဲ့သည်။ ထိုပမာဏအနက် ဒေါ်ရည်ရည် မွန်က ကျပ်သိန်း ၂၀ ရယူ၍ အမိန့်ချခဲ့ခြင်းဖြစ်သည်။ ငွေကြေးပေး သော်လည်း အမှုမအောင်မြင်၍ ခရိုင်တရားရုံး၌ အယူခံတက် သဖြင့် တရားခံ၏ရှေ့နေ ဒေါ်ဇာ ခြည်ဝင်းက အရေးယူပေးရန် ကော်မရှင်သို့ တိုင်ကြားခြင်းဖြစ် ကြောင်း ဆိုသည်။

 တရားခံမိခင်ထံမှ ငွေ တောင်းခံရာတွင် အကူအညီပေး သည့် ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ခင်ဦးမြို့နယ် တရားရုံး​ ​ရုံးစောင့် သန့်ရှင်းရေး ဦးရဲဝဏ္ဏတို့ကို ပုဒ်မ ၅၆/၆၃ ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ အပြင် ဦးရဲဝဏ္ဏသည် တရားရုံး၌ စစ်ဆေးနေစဉ် အကြောင်းအမျိုး မျိုးပြ၍ တရားခံမိခင်ထံမှ ငွေ တောင်းခံခဲ့သဖြင့် ၎င်းကိုပုဒ်မ ၅၇ ဖြင့် ခင်ဦးမြို့နယ် ရဲစခန်း၌ မေလ ၁၆ ရက်က အမှုဖွင့်ခဲ့သည်။ အဆိုပါအမှုမှ တရားလွှတ် တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းနှင့် ဦးရဲဝဏ္ဏတို့ကို ဖမ်းမိထားသော် လည်း ဒေါ်ရည်ရည်မွန်သည် ထွက်ပြေး တိမ်းရှောင်နေသော ကြောင့် ကော်မရှင်နှင့် ရဲတပ်ဖွဲ့ကပူးပေါင်းကာ လိုက်လံဖမ်းဆီးနေ သည်။

No comments:

Post a Comment