Wednesday, May 22, 2019

မောင်တောမြို့တွင် မီးလောင်၍ လူနေအိမ်သုံးလုံးဆုံးရှုံး

 မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် ဟိန္ဒူရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီး ကူးစက်လောင်ကျွမ်းမှုကြောင့် လူ နေအိမ်သုံးလုံးဆုံးရှုံးခဲ့သည်။  အဆိုပါမီးလောင်ကျွမ်းမှု သည် မေလ ၂၀ ရက် ည ၁၁ နာရီမိနစ် ၂၀ ခန့်တွင် ဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ရာ သန်းခေါင်ကျော် ၁၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘နေအိမ်တွေက သွပ်မိုး၊ ဝါး ထရံကာ၊ ပျဉ်ခင်းအိမ်တွေဖြစ်ပါ တယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ် ခုနစ်သိန်းကျော်ဖြစ်ပါတယ်။ တ ခြားအထိအခိုက်မရှိပါဘူး’’ ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။



ဖြစ်စဉ်နှင့်ပတ်သက်၍ မီး စတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဒူကာဆာရီကို မီးပေါ့ဆမှု ဖြင့် မောင်တောမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားသည်။ မေလ ၉ ရက်က ဘူးသီး တောင်မြို့နယ် ကွန်တန်းကျေးရွာတွင် မီးလောင်မှုကြောင့် စာသင်ကျောင်း(အလကခွဲ) တစ်ကျောင်းနှင့် အာရဗီစာသင်ကျောင်းတစ်ကျောင်း ဆုံးရှုံးခဲ့သည်။

No comments:

Post a Comment