Wednesday, May 22, 2019

အဂတိတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံ

 မွန်ပြည်နယ် ၀န်ကြီး ချုပ်အပါအ၀င် အစိုးရအဖွဲ့ဝန် ကြီးများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့က မေလ ၂၁ ရက်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် အသိပညာပေးနှင့် ပြည်သူ့ဆက် ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လွှတ်တော်တွင် ဖြေကြားမှုနှင့် ပတ်သက်၍ သွားရောက်စစ်ဆေး ခြင်းမဟုတ်ဘဲ မွန်ပြည်နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် သွားရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။

 ထို့ပြင် ၎င်းတို့အဖွဲ့သည် အသိပညာပေး အဖွဲ့ဖြစ်သဖြင့် ၀န်ကြီးချုပ်ကို စစ်ဆေးမည့်ကိစ္စ  မသိဘဲ အမှုစစ်ဌာနကသာ ယင်းကိစ္စကို  သိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 ‘‘ရည်ရွယ်ချက်ကတော့ အဂတိလိုက်စားမှု လျော့နည်းရေး အတွက် ကော်မရှင်ကနေပြီး တော့ အဂတိလိုက်စားမှု စုံစမ်း စစ်ဆေးရေးလုပ်တဲ့အပြင် တိုင်း ဒေသကြီး၊ ပြည်နယ်တွေမှာလည်း အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာဖြစ်တယ်။ အခုလာတာက အဲဒီလောက်ပါ။ တခြားထွေထွေ ထူးထူး မရှိပါဘူး။ အလုပ်ရုံဆွေး နွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လာရောက်ညှိနှိုင်းတာ သက်သက်ပဲ။ ၀န်ကြီးချုပ်လွှတ် တော်မှာ ဖြေကြားတဲ့ကိစ္စ ကျွန် တော့်အဖွဲ့က စစ်ဆေးရေးဌာန မဟုတ်ဘူး။ အသိပညာပေးရေး အဖွဲ့ပါ။ ကော်မရှင်က လူကြီး တွေပဲသိနိုင်မယ်’’ဟု ဦးထွန်းထွန်း ၀င်းက ပြောသည်။

 အဂတိနှင့်ပတ်သက်သည့် အသိပညာပေးအလုပ်ရုံဆွေးနွေး ပွဲကို ဇွန်လဒုတိယပတ်တွင် ကျင်း ပမည်ဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ် သက်၍ အစိုးရအဖွဲ့ဝန်ကြီးအား လုံးနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ညွှန် ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

‘‘အစိုးရအဖွဲ့အားလုံးနဲ့ တွေ့တာ။ အသိပညာပေးဌာနက လာ တယ်။ မွန်၊ ကရင်မှာ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ဖို့ အကြိုလာ ရောက်ညှိနှိုင်းတဲ့သဘောပါ’’ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

ရေးမြို့နယ်ရှိ လမ်းစီမံကိန်း တစ်ခုကို ၀န်ကြီးချုပ်က တင်ဒါ မခေါ်ဘဲ SMD ကုမ္ပဏီအား လုပ် ကိုင်ခွင့်ပြုသည့်ကိစ္စနှင့်ပတ်သက် ၍ မွန်ပြည်နယ်အတွင်း ဝေဖန် မှုများထွက်ပေါ်ချိန်တွင် အဂတိ ကော်မရှင် တာဝန်ရှိသူများ လာရောက်ခြင်းနှင့် တိုက်ဆိုင်နေ သည်။ အဆိုပါ လမ်းစီမံကိန်းသည် ၂၀၁၈ မီနီဘတ်ဂျက်မှ ကျပ်သန်း တစ်ထောင်ရရှိပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ညွှန်ကြား ချက်ဖြင့် လမ်းခင်းသည့်ကိစ္စကို တင်ဒါကင်းလွတ်ခွင့်ပြုခဲ့ကြောင်း လွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားထားသည်။

No comments:

Post a Comment