Tuesday, May 28, 2019

အီရန်တွင် အစိုးရအဖွဲ့ပြောင်းလဲရန် ကြိုးပမ်းနေခြင်းမရှိကြောင်းနှင့် ကင်ဂျုံအွန်သည် စမတ်ကျသူဖြစ်ကြောင်း ထရန့်ပြောကြား

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန်သည် အီရန်တွင် အစိုးရတစ်ရပ် အပြောင်းအလဲဖြစ်စေရန် ကြိုးပမ်းနေခြင်းမရှိဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဂျပန်ခရီးစဉ်တွင် မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်သည် အလွန်စမတ်ကျသူတစ်ဦးဖြစ်သည်ဟုလည်း ゞင်းက ချီးကျူးခဲ့သည်။ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ထိပ်သီးကျင်းပခဲ့ပြီးနောက် ထရန့်က အမေရိကန်ရင်ဆိုင်နေရသော ရန်လိုသည့် အီရန်နှင့်မြောက်ကိုရီးယားအစိုးရတို့နှင့် တင်းမာ မှုပြေလျော့စေရန် လေသံကို လျှော့ချခဲ့ပုံရသည်။
အီရန်သည် ခေါင်းဆောင်အပြောင်း အလဲမပြုဘဲ ကြီးမြတ်သောနိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် အခွင့်အရေးရှိကြောင်း၊ အီရန်တွင် အစိုးရတစ်ရပ်အပြောင်းအလဲဖြစ်ပေါ်ရန် အမေရိကန်က ကြိုးပမ်းနေခြင်းမရှိကြောင်းကို မိမိက ရှင်းရှင်းလင်းလင်း ပြောလိုကြောင်း၊ အီရန်ကို နျူကလီးယားလက်နက်မရရှိစေရန်သာ ကြိုးပမ်းနေကြောင်း ထရန့်က ပြောကြားခဲ့သည်။အီရန်က အပေးအယူပြုလုပ်လိုမည်ဟု အမှန်တကယ် ယုံကြည်ကြောင်း၊ ယင်းသည် ゞင်းတို့အတွက် အလွန်စမတ်ကျမည်ဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်လာနိုင်ခြေလည်း ရှိနေကြောင်း ထရန့်က ပြောကြားခဲ့သည်။ ゞင်းတို့ဘက်ကသာ ဆွေးနွေးလိုလျှင် မိမိတို့ဘက်ကလည်း ဆွေးနွေးလိုကြောင်း ထရန့်က တီဟီရန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားမှုကို အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ထရန့်က အထင်ကရ အီရန်နျူကလီးယားသဘောတူညီချက်မှ ပြီးခဲ့သောနှစ်တွင် နုတ်ထွက်ခဲ့ပြီး ပြင်းထန်သောပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်သည် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ၁၅၀ဝ ထပ်မံစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ကြားဝင်ညှိနှိုင်းရန်အတွက် အာဘေးသည် တီဟီရန်သို့သွားရန် စဉ်းစားနေကြောင်း မီဒီယာများက ဖော်ပြနေစဉ်ကြား ဝင်ညှိနှိုင်းရန် ကြိုးပမ်းမည့် အာဘေးကို ထရန့်က ထောက်ခံချက်ပေးခဲ့ဖွယ်ရှိသည်။ ဝန်ကြီးချုပ် အာဘေးသည် အီရန်ခေါင်းဆောင်ပိုင်းနှင့် အလွန်အမင်း ဆက်ဆံရေး နီးကပ်ပြီး မည်သူကမျှ အထူးသဖြင့် မိမိသည် ဆိုးရွားသည့်အရာများ မဖြစ်လာစေလိုကြောင်း ထရန့်က ဂျပန်ဝန်ကြီးချုပ်နှင့် ထိပ်သီးမတိုင်မီ ပြောကြားခဲ့သည်။ဧရာမစီးပွားရေးအလားအလာများကိုရီးယားကျွန်းဆွယ်တွင် ကာလတစ်ခုကြာ တည်ငြိမ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက တာတိုပစ်ဒုံးများအား စမ်းသပ်ခဲ့မှုကြောင့် ဒေသတွင်းကို စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သော်လည်း ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုလည်း ထောက်ခံမှုပေးခဲ့သည်။ ထိုဒုံးစမ်းသပ်မှုများသည် စည်းမျဉ်းများ ချိုးဖောက်နိုင်ကြောင်း ゞင်း၏ လူများက ထင်နေကြောင်း၊ မိမိကမူ အာရုံစိုက်မှုရရှိရန် လိုလားနေဖွယ်ရှိသူတစ်ဦး၏ လုပ်ရပ်ဟုမြင်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ယင်းအတွက်ကြောင့် မြောက်ကိုရီးယား၏ ဒုံးစမ်းသပ်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအား ချိုးဖောက်ခဲ့သည်ဟု မေ ၂၅ ရက်တွင် ပြောကြားခဲ့သည့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်ကို ထရန့်က ဒုတိယအကြိမ် နှိပ်ကွပ်လိုက်ဖွယ်ရှိသည်။ကင်သည် စီးပွားရေးအရ အလွန်အမင်းအားကောင်းသော နိုင်ငံတစ်နိုင်ငံကို ဖန်တီးလိုနေကြောင်း၊ မြောက်ကိုရီးယားတွင် ဧရာမစီးပွားရေးအလားအလာများ ရှိနေကြောင်း ထရန့်က ထပ်မံပြောကြားခဲ့သည်။ နျူကလီးယားလက်နက်ရှိလျှင် ယင်းကဲ့သို့ မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ကြောင်း ကိုကင်က သိကြောင်း၊ သူသည် အလွန်စမတ်ကျသူဖြစ်ပြီး ကောင်းစွာ သဘောပေါက်လွယ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်သည် ဉာဏ်ရည်နိမ့်သူတစ်ဦးဖြစ်သည်ဟု ကင်ဂျုံအွန်က ကြေညာချက်ထုတ်၍ ဝေဖန်ခဲ့ကြောင်း၊ ဘိုင်ဒင်၏ မှတ်တမ်းများအရ ယင်းကဲ့သို့ ဖြစ်နိုင်ခြေရှိပြီး ကင်၏မှတ်ချက်ကို မိမိလည်း သဘောတူကြောင်း ထရန့်က လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ゞင်း၏ အဓိကပြိုင်ဘက်ဖြစ်လာနိုင်သူကို နှိပ်ကွပ်ခဲ့ သည်။ပြီးခဲ့သော ဆယ်စုနှစ်များက မြောက်ကိုရီးယား၏ ပြန်ပေးဆွဲခံရသော ဂျပန်နိုင်ငံ သားများ၏ ကိစ္စကို ဖြေရှင်းရန်အတွက် အာဘေးက ကင်နှင့် ကြိုတင်သတ်မှတ်ချက်များမထားရှိဘဲ မျက်နှာချင်းဆိုင်ဆွေးနွေးရန် ကိစ္စကို ထရန့်ကလည်း ထောက်ခံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment