Monday, May 27, 2019

တရုတ်တွင် ကဇာတ်ရုံ စတိတ်စင်ပြိုကျ၊ ၁ ဦးသေ ၁၄ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ် ကျန်းကျိုးမြို့မှာ မေလ ၂၅ ရက် ညနေပိုင်းက ကဇာတ်ရုံတခုမှာ စတိတ်စင် ပြိုကျခဲ့လို့ အသက် ၁၃ နှစ်အရွယ် ကလေးတယောက်သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဆယ်ကျော်သက် ကလေးတွေ စင်ပေါ်မှာ အကပြိုင်ပွဲ ကျင်းပနေချိန် စတိတ်စင် ပြိုကျခဲ့တာပါ။


အခင်းဖြစ်တဲ့ ကဇာတ်ရုံကို ကယ်ဆယ်ရေးသမားတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ရောက်လာပြီး ကလေးတွေကို ကယ်ထုတ်ပေးခဲ့ကြပါတယ်။

ဒဏ်ရာရသူ ၁၅ ယောက်ကို ဆေးရုံပို့ပေးခဲ့ပြီး အဲဒီထဲက အသက် ၁၃ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ စင်ပြိုကျတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

No comments:

Post a Comment