Wednesday, May 22, 2019

မှုခင်းဖြစ်ပွားနှုန်းအရ လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်အခြေအနေမျိုးမရှိဟု ပြည်ထဲရေးဒုဝန်ကြီးပြော

 မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မှုခင်းများသည် လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်အ ခြေအနေမျိုးမရှိကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။ေ မလ ၂၁ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးထိန်ဝင်းက ရဲတပ်ဖွဲ့အား နိုင်ငံတကာရဲတပ်ဖွဲ့များကဲ့သို့ အဆင့်မီ တပ်ဖွဲ့ဖြစ်ရေး စီမံ ဆောင်ရွက်ထားမှုအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းသည့် မေး ခွန်းကို ဗိုလ်ချုပ်အောင်သူက ပြန် လည်ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၅၃ သန်းကျော်ရှိပြီး ၂၀၁၈ အတွင်း ဖြစ်ပွားခဲ့သော အမှုကြီးများအ လိုက် အမှုဖြစ်ပွားမှုနှုန်းကို လူဦး ရေ တစ်သိန်းကျော်အပေါ် အခြေ ခံ၍တွက်ချက်လျှင် လူသတ်မှု ၁,၄၇၆ မှုဖြစ်ပွားခဲ့သဖြင့် အမှုဖြစ် ပွားနှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်း၊ လုယက်မှု ၆၂၉ မှုဖြစ်ပွားသဖြင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ ပြန်ပေးမှု ခြောက်မှုဖြစ်ပွားသဖြင့် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ မုဒိမ်းမှု ၁,၅၈၃ မှု ဖြစ်ပွားသဖြင့် ၂ ဒသမ ၉၇ ရာခိုင် နှုန်း၊ ဖောက်ထွင်းမှု ၃၈ မှုဖြစ်ပွား သဖြင့် ၀ ဒသမ ၇၁ ရာခိုင်နှုန်း၊ တိရစ္ဆာန်ခိုးမှု ၁၂၇ မှု ဖြစ်ပွားခဲ့ သဖြင့် ၀ ဒသမ ၀၃ ရာခိုင်နှုန်း၊ အခြားအမှုများအနေဖြင့် ခိုးမှု ၆,၄၀၀ ဖြစ်ပွားသဖြင့် ၃၂ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု ပြည်ထဲ ရေး ဒုဝန်ကြီးက လွှတ်တော်သို့ တင်ပြသည်။

 ‘‘ပြည်သူ့ဘဝလုံခြုံမှုကို တိုက်ရိုက်ထိပါးစေတဲ့ အမှုကြီး များ၊ ခိုးမှုနဲ့ နာကျင်စေမှုများ စတဲ့ မှုခင်းဖြစ်ပွားနှုန်းကို ကြည့်ရင် မှုခင်းဖြစ်ပွားမှုတွေက လူမှုအဖွဲ့ အစည်းတစ်ခုလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုး မရှိတာကို တွေ့ရှိနိုင်တယ်’’ဟု ပြည်ထဲရေး ဒုဝန်ကြီးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနအ နေဖြင့် မှုခင်းဖြစ်ပွားမှုများသော ရန်ကုန်နှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် စီစီတီဗီကင်မရာများ တပ်ဆင်၍ Police Command Centre များ တည်ထောင်ပြီး ရွေ့ လျားကင်မရာနှင့် ပုံသေကင်မရာ စုစုပေါင်း ၅၉၆ လုံးဖြင့် ကြည့်ရှု ထိန်းသိမ်းနေကြောင်း ဗိုလ်ချုပ် အောင်သူက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၂၀၁၆ ကစတင်၍ ယခင် လက် နက်အဟောင်းများအစား ခေတ်မီမောင်းပြန်သေနတ်များ  တပ်ဆင်ခြင်း၊   အဓိကရုဏ်းလက်နက် များကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် အသစ်လဲလှယ် တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့သည် ဟု ပြည်ထဲရေး ဒုဝန်ကြီးက ဆိုသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၂ နှင့်အညီ ရဲတပ်ဖွဲ့အတွက် သီးခြားဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီး ဥပဒေအတည် ပြု ပြဋ္ဌာန်းပြီးပါက တပ်ဖွဲ့ဝင်များ ၏ တာဝန်နှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်နိုင်သည့်အ ပြင် တပ်ဖွဲ့၏ လေ့ကျင့်ရေးများ နှင့် ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ် များကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည်ဟု ပြည်ထဲရေးဒုဝန်ကြီးက ပြောသည်။

No comments:

Post a Comment