Wednesday, May 22, 2019

အထည်ချုပ်စက်ရုံများ လုပ်ခလစာပေးချေမှု စနစ်ကို တစ်ပုံစံတည်းပြောင်းလဲမည်ဟု ဦးဖြိုးမင်းသိန်းပြော ပြောင်းလဲမည့်စနစ်ကို အလုပ်သမားအဖွဲ့အစည်းများကြိုဆို

အထည်ချုပ်စက်ရုံများ ၏လုပ်ခလစာပေးချေမှုစနစ်ကို တစ်ပုံစံတည်းဖြစ်ရန် ပြောင်းလဲ ကျင့်သုံးစေမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ လုပ်ငန်းခွင်အဆင်မပြေမှု ကြောင့် မေလ ၂၀ ရက်က ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ရှေ့တွင် လာရောက်အကူအညီ တောင်းခံသည့် အလုပ်သမားများ နှင့်တွေ့ဆုံစဉ် အထည်ချုပ်လုပ် ငန်းများ တစ်ခုနှင့်တစ်ခုကွဲပြားနေ သည့် လုပ်ခလစာပေးချေမှုကို ၎င်းအနေဖြင့် အမြန်ဆုံးပြောင်းလဲ မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့က အထည် ချုပ်လုပ်ငန်းခွင်မှာ ပိုက်ဆံပေးတဲ့ စနစ်တစ်ခုကို ကျွန်တော်တို့ရေး ဆွဲမယ်။ အဲဒါ နိုင်ငံခြားကိုလည်း ကျွန်တော်တို့အကူအညီတောင်း ထားတယ်။ ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံတွေမှာ ဘယ်လိုပေးတုံး။ ကျွန် တော်တို့ဆီမှာဗျာ တစ်ကျောင်း တစ်ဂါထာဖြစ်နေတာ သိတယ်မ ဟုတ်လား’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုသို့လစာပေးချေမှုစနစ် ရှုပ်ထွေးနေသောကြောင့် အလုပ် သမားများကိုယ်တိုင် မည်သည့် အချက်ကို ဦးတည်တောင်းဆို တိုက်ပွဲဝင်ရမည်ပင် မသိနိုင် သည့် အခြေအနေမျိုး ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။

အဆိုပါလစာပေးချေမှုစနစ် ပြောင်းလဲကျင့်သုံးရန် အလုပ်သ မားအဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းကာ အမြန်ဆုံးအကောင်အ ထည်ဖော်နိုင်ရန် ကြိုးစားမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုသို့လုပ်ခလစာပေးချေမှု စနစ်ကို တစ်ပုံစံတည်း ကျင့်သုံး မည်ဟု ဦးဖြိုးမင်းသိန်း၏ပြော ကြားချက်အပေါ် ကြိုဆိုကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောသည်။

လက်ရှိ လစာပေးချေမှုစနစ် သည် ရှုပ်ထွေးသောကြောင့် လုပ်

ငန်းခွင်အငြင်းပွားမှုများ ဖြစ်ပေါ်စေသဖြင့် အမြန်ဆုံးပြောင်းလဲ သင့်ကြောင်း ၎င်းတို့က ဆိုသည်။

‘‘လက်ရှိအခြေအနေမှာ အ လုပ်သမားကိုယ်တိုင်က သူ့လစာ ဘယ်လိုရနေတယ်ဆိုတာကို ရှင်း ရှင်းလင်းလင်းမသိကြတာတွေ ရှိတယ်။ ဒါကို မူဝါဒအသစ်ချမှတ် ပြီး ပြောင်းလဲကျင့်သုံးနိုင်မယ်ဆို ရင် လက်ခံကြိုဆိုတယ်။ မျှော် လည်း မျှော်လင့်တယ်’’ဟု မြန်မာ နိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင် မှုလုပ်ငန်းပေါင်းစုံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်း အောင်က ပြောသည်။

သို့သော် စက်ရုံအမျိုးအစား ကွဲပြားမှုများရှိခြင်း၊ လုပ်သားအင် အားနှင့် ချုပ်လုပ်သည့် အထည် မတူခြင်းအပြင် ကာလရှည်ကြာ ကျင့်သုံးခဲ့သည့် စနစ်ကို ပြောင်းလဲရမည်ဖြစ်၍ ထင်သလောက် လွယ်ကူနိုင်မည်မဟုတ်ကြောင်း ဦးသက်နှင်းအောင်က သုံးသပ် သည်။

ထိုသို့ တူညီမှုမရှိသည့် စက်ရုံများကို လစာပေးချေမှုပုံစံ တူညီ စွာ ကျင့်သုံးမည်ဆိုပါက အခက် အခဲများစွာ ကြုံတွေ့နိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘ဘယ်လိုစံနဲ့ သတ်မှတ်မ လဲပေါ့။ စက်ရုံတွေက ကုန်ထုတ် လုပ်မှုတက်ဖို့အတွက် ကြိုးစားနေ ရတာ။ အဲဒီအတွက် အလုပ်သမားတွေလည်း မနစ်နာရအောင် စီစဉ် ပေးရတာရှိတယ်။ တစ်ရုံနဲ့တစ်ရုံ တော့ ကျင့်သုံးတဲ့ ပုံစံမတူဘူး။ မူတစ်ခုတည်း ချမှတ်လိုက်မယ် ဆိုရင် စက်ရုံငယ်တွေက စက်ရုံ ကြီးတွေလောက် ယှဉ်ပြိုင်မပေး နိုင်ရင် လုပ်သားဆုံးရှုံးမှုတွေနဲ့ ပထမဆုံး ရင်ဆိုင်ရနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်ရှိ အထည် ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြော သည်။ လက်ရှိအချိန်တွင် အထည် ချုပ်စက်ရုံအများစုသည် ‘တိုင်’ဟု ခေါ်သော အခြေခံလစာနှင့်အတူ ရက်မှန်ကြေး၊ ဆုကြေး၊ သတ်မှတ်အထည်အရေအတွက်ချုပ်လုပ်မှု အပေါ် ထပ်ဆောင်းကြေးတို့ဖြင့် လုပ်အားခကို စုပေါင်းပေးချေ သည့်စနစ် ကျင့်သုံးနေသည်။

No comments:

Post a Comment