Wednesday, June 19, 2019

AAအဖွဲ့တိုက်ခိုက်၍ မီးလောင်ဆုံးရှုံးခဲ့သော သံပေါင်နှင့်ဆက်စပ်ပစ္စည်းများအတွက် အာမခံကြေးကျပ်သန်း ၅၀၀ ခန့်ပေးအပ်

AA အဖွဲ့တိုက် ခိုက်မှုကြောင့် ကုလားတန်မြစ်ကူး တံတား(ပလက်ဝ) တည်ဆောက် ရန် သယ်ယူလာသည့် သံပေါင် နှင့် ဆက်စပ်ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့မှုနှင့်ပတ်သတ်၍ IKBZ အာမခံလုပ်ငန်းက ကျပ် ၄၉၁ သန်း ကို အစားထိုးပေးအပ်ခဲ့သည်။ မီးလောင်ဆုံးရှုံးသည့် ပစ္စည်းများအား အစားထိုးပြန်လည်ပေး အပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၈ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီိး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န် ကြီး၊ အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဥက္ကဌ၊ IKBZ အာမခံကုမ္ပဏီ ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ သည်။
MV ရတနာဝင်း(၇) ရေယာဉ် မီးလောင်နစ်မြုပ်သည့် ဖြစ်စဉ် တွင် ဆုံးရှုံးနစ်နာသူနှင့် အာမခံ ကုမ္ပဏီတို့အကြား အာမခံပေါ်လစီ သတ်မှတ်ချက်များနှင့်အညီ လျော်ကြေးပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး အာမခံထားသည့် တန်ဖိုးအရ ဆုံးရှုံးပစ္စည်း တန်ဖိုးများကို တွက်ချက်ခြင်း၊ ပစ္စည်းများ၏ ထုတ်ကုန်တန်ဖိုးနှင့် ကုန်ပစ္စည်းအသေးစိတ်တန်ဖိုးစာ ရင်းများအပြင် ဓာတ်ပုံမှတ်တမ်း များရယူ၍ စိစစ်ဆောင်ရွက်ခဲ့ သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ အစားထိုးပေး အပ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအ တွင်း အချိန်မီ ပြီးစီးနိုင်မည်ဖြစ်၍ ဒေသခံ ပြည်သူများအနေဖြင့် စောစီးစွာ အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။ ‘‘IKBZ ဟာ ဒီလိုတာဝန်ယူမှု၊ တာဝန်သိမှုစိတ်ဓာတ်နဲ့ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့ ဌာနအနေနဲ့ရော နိုင်ငံတော် အနေနဲ့ပါ ပျက်စီးဆုံးရှုံးသွားတဲ့ သံပေါင်ပစ္စည်းများ ပြန်လည် ထုတ်လုပ်ဖို့ အတိုင်းအတာတစ်ခု အထိ ကုန်ကျစရိတ် သက်သာ သွားမှာ ဖြစ်ပါတယ်’’ ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။

No comments:

Post a Comment