Wednesday, June 19, 2019

လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သည့် စီမံကိန်းသုံးခုကို လာမည့် ဘဏ္ဍာရေးနှစ်ဘတ်ဂျက် လျာထားချက်မှ ပယ်ဖျက် တိုင်းဒေသကြီးအတွက် လိုအပ်သည့်လုပ်ငန်းများဖြစ်၍ ထည့်သွင်းတောင်းခံရခြင်းဖြစ်ဟု ဦးဖြိုးမင်းသိန်းပြော

လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သည့် စီမံကိန်းသုံးခုကို လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက်မှ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်အနီးရှိ အကျဉ်းဦးစီးဌာနပိုင်မြေ၌ စုပေါင်းရာဇဝတ်တရားရုံးတည်ဆောက်ရန်၊ ရန်ကုန်တိုင်းလွှတ်တော်ရုံးဝင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီမံမှုအောက်ရှိ မြေပေါ်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးဆောက်ရန်နှင့် ကိုကိုးကျွန်းသို့ပြေးဆွဲမည့် သင်္ဘောဝယ်ယူရန်ထည့်သွင်းထားခြင်းကို လွှတ် တော်ကိုယ်စားလှယ်များက ကန့် ကွက်ခြင်းဖြစ်သည်။



ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ကန့် ကွက်မှုများကို ပြန်လည်သုံးသပ် ပြီးနောက် ယင်းစီမံကိန်းသုံးခုအ တွက် သုံးစွဲရန် လျာထားသည့် ကျပ် ၁၆ ဘီလီယံကို အခြားဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခွဲဝေ သုံးစွဲရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန် ကြီး ဦးမြင့်သောင်းက ယမန်နေ့ (ဇွန်လ ၁၈ ရက်)၌ ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်တွင် ပြန်လည်ရှင်းလင်းသည်။

‘‘စုစုပေါင်း ရငွေနဲ့ စုစုပေါင်း အသုံးစရိတ်ကို မပြောင်းလဲဘဲနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ငွေလုံးငွေရင်းအောက်က လမ်း လုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအတွက်ကို ခွဲဝေလျာထား ပေးမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် စုပေါင်းရာဇဝတ် တရားရုံးတည်ဆောက်ရန် ကျပ် ခြောက်ဘီလီယံ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး ဆောက်ရန် ကျပ်ငါးဘီလီယံနှင့် ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရန် ကျပ် ငါးဘီလီယံ လျာထားထည့် သွင်းခဲ့သည်။

အဆိုပါ လုပ်ငန်းများသည်ရန်ကုန်တိုင်းဒေသကြီးအတွက် အမှန်တကယ်လိုအပ်နေသဖြင့် ထည့်သွင်းရေးဆွဲခဲ့သော်လည်း လွှတ်တော်၏ အသံကို လေးစား သည့်အနေဖြင့် လျာထားချက်မှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေးအ ပြီး တွင် သတင်းထောက်များအား ပြောသည်။

စုပေါင်းရာဇဝတ်တရားရုံး တည်ဆောက်သည့်လုပ်ငန်းကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ကျပ် ၁ ဒသမ ၆ ဘီလီယံတောင်းခံ၍ အခြေခံလုပ်ငန်းများ စတင်ခဲ့ပြီး ထပ်မံဆောင်ရွက်ရမည့် တည် ဆောက်ရေးလုပ်ငန်းများအတွက် ယခု လျာထားဘတ်ဂျက်တွင်ထည့် သွင်းတောင်းခံခဲ့ခြင်းဖြစ်သည်။

 အင်းစိန်အကျဉ်းထောင်မှ အကျဉ်းကျနေရသူများကို နေ့ စဉ် အခြားမြို့နယ်တရားရုံးများသို့ ရုံးထုတ်နေရခြင်းကြောင့် အချိန်ကုန်ဆုံးမှု၊ ယာဉ်ကြော ကျပ်တည်း မှုနှင့် ယင်းအကျဉ်းသားများ အနေဖြင့် မိသားစုနှင့် တွေ့ဆုံခွင့် အချိန်နည်းပါးမှု၊ အကျဉ်းထောင် အဝင်၊ အထွက် စိစစ်ရသည့်လုပ် ငန်းတာဝန်များစေမှုတို့ကြောင့် အကျဉ်းထောင်နှင့် အနီးဆုံးနေရာ တွင် စုပေါင်းရာဇဝတ်တရားရုံး တည်ဆောက်ရန် စီစဉ်ခြင်းဖြစ် ကြောင်း ဦးဖြိုးမင်းသိန်းက ပြော သည်။  ထို့အပြင် လုံခြုံရေးတင်း ကျပ်ထားရသည့် အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးများနှင့် ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ရုံးတို့ ရောနေသဖြင့် တရားခံစိစစ်မှုကို ခေါ်ယူရာတွင် အမြင်မသင့်တော်ခြင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးအဖြစ် သီးခြားရှိ ရန်လိုခြင်း၊ အများပြည်သူ အ လွယ်တကူ ဝင်၊ ထွက် အကူ အညီတောင်းခံနိုင်သည့် နေရာဖြစ်ရန်လိုခြင်းတို့ကြောင့် ရှင်စောပု လမ်းဘက်ခြမ်းကို မျက်နှာမူသော ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး တည် ဆောက်ထားရှိရန် စီစဉ်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

 ကိုကိုးကျွန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန် ထမ်းများက ပုံမှန်သင်္ဘောပြေးဆွဲ ပေးရန် တောင်းဆိုမှုများရှိခြင်း ကြောင့် သင်္ဘောဝယ်ယူရန် လျာ ထားဘတ်ဂျက်၌ မူလက ထည့် သွင်းရခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

‘‘လာမယ့် ဘတ်ဂျက်မှာ မပါဝင်တော့ပေမယ့် နောက်ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာ ဆောင် ရွက်ပေးခွင့်ရအောင် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမှာပါ’’ဟု ၎င်းက ပြောသည်။

No comments:

Post a Comment