Wednesday, June 19, 2019

ဒီချုပ်နှင့် ပြည်သူ့ပါတီအကြား နီးကပ်သည့်ဆက်ဆံရေးထူထောင်ရန် သဘောတူ

ဒီချုပ်နှင့် ပြည်သူ့ ပါတီတို့၏ ပထမဆုံးတွေ့ဆုံပွဲမှ နှစ်ပါ တီအကြား နီးကပ်သည့်ဆက်ဆံရေးထူ ထောင်ရန် သဘောတူခဲ့ကြောင်း ဒီချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြော သည်။ ဇွန် ၁၇ ရက် နံနက်ပိုင်းက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ ""နီးနီးကပ်ကပ်ဆောင်ရွက်ဖို့ နှစ် ဖက်စလုံးက လိုလားသဘောတူညီကြ ပါတယ်""ဟု ဒေါက်တာမျိုးညွန့်က ဇွန် ၁၇ ရက်ကပြောသည်။


ဒီမိုကရေစီကို လိုလားသည့် ပါတီ မှန်သမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ကြိုဆိုကြောင်း၊ ပန်းတိုင်တူ သည့် ပါတီများသည် သွားရာလမ်း ကြောင်းလည်း တူညီမည်ဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။

ဆွေးနွေးပွဲတွင်အကြောင်းအရာတစ်ခုချင်းစီအပေါ် ဆွေးနွေးခဲ့ခြင်းမရှိ သော်လည်းအကြောင်းအရာများ ပေါ် ပေါက်လာပါက နောင်လည်း တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေါက် တာမျိုးညွန့်က ဆိုသည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍မူ ဆွေးနွေးမှုမရှိကြောင်း ゞင်းက ဆက်လက်ပြောသည်။

နှစ်ပါတီအကြား တွေ့ဆုံဆွေးနွေး ရန် ပြည်သူ့ပါတီက အဆိုပြုခဲ့ခြင်းဖြစ် ကြောင်း ပြည်သူ့ပါတီအထွေထွေအတွင်း ရေးမှူး ဦးရဲနိုင်အောင်က ပြောသည်။
မူဝါဒတူညီသည်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ယင်းကဲ့ သို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း ဦးရဲနိုင်အောင်က ဆိုသည်။ ""အဓိကက ပြောရရင်တော့ နှစ် ပါတီကြားမှာ တူညီတာတွေ၊ ပူးပေါင်း ဆောင်ရွက်နိုင်တာတွေကို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေး ကြတာပါ""ဟု၎င်းကပြောသည်။

တိုင်းပြည်၏ လက်ရှိအခြေအနေ မှာ နိုင်ငံရေးပါတီများအကြား ပူးပေါင်း ဆောင်ရွက်ရမည့်အချိန်ဖြစ်ပြီး ယင်းအပေါ်တွင် နှစ်ပါတီအမြင်များကို လည်း ဆွေးနွေးခဲ့ကြောင်း ၄င်းက ဆက်လက် ပြောသည်။

No comments:

Post a Comment