Wednesday, June 19, 2019

ဖေ့ဘွတ်က Libra ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးသစ် အစီအစဉ်ကို မိတ်ဆက်

ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ဟာ Libra လို့ အမည်တပ်ထားတဲ့ ဒီဂျစ်တယ်ငွေကြေးသစ်ကို လာမယ့်နှစ်မှာ စတင်ပြီး လုပ်ဆောင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ အဲဒီ Libra ဒီဂျစ်တယ်ငွေကြေးနဲ့ လူတွေအနေနဲ့ ဖေ့ဘွတ် Apps ကနေ ငွေပေးခေမှုတွေကို လုပ်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ဖေ့ဘုတ်က ဆိုပါတယ်။ ဒါအပြင် မက်ဆေ့ခ်ျဝန်ဆောင်မှု Apps ဖြစ်တဲ့ WhatsApp ကနေလည်း Libra ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုကို ရရှိမယ်လို့ ဆိုပါတယ်။



ဒီ ဝန်ဆောင်မှုမှာ အနာဂတ်မှာ Uber နဲ့ Visa တို့လို ကုမ္ပဏီတွေကိုလည်း လက်ခံပြီး ဝန်ဆောင်မှု ပေးသွားမယ်လို့ ဖေ့ဘွတ်က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီဝန်ဆောင်မှုမှာ ပြည်သူတွေရဲ့ ငွေကြေးနဲ့ အချက်အလက်တွေကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေသလို ဒီဂျစ်တယ်ငွေကြေးရဲ့ အတက်အကျ ပြဿနာအပေါ်လည်း ပူပန်မှုတွေ ရှိနေပါတယ်။

Libra ဟာ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ပြီး စစ်မှန်တဲ့ ပိုင်ဆိုင်မှုအာမခံ assets တွေရဲ့ ကျောထောက်နောက်ခံ ပြုထားမှာ ဖြစ်ပြီး ငွေပေးငွေချေမှုကို မက်ဆေ့ခ်ျစာသား ရိုက်သလောက် လွယ်ကူအဆင်ပြေစေမှာ ဖြစ်တယ်လို့ ဖေ့ဘွတ်ကုမ္ပဏီကတော့ အာမခံပြု ပြောဆိုထားပါတယ်။

No comments:

Post a Comment