Wednesday, June 19, 2019

ထိုင်းနိုင်ငံ ဘန်မြို့  က မြန်မာနိုင်ငံသားများအား ငွေတောင်းခံနေသည့် မြန်မာ မာဖီးယား ဂိုဏ်းအား ရဲများ ရှင်းလင်း

ထိုင်းနိုင်ငံဘန်ကောက် ပတူနမ့် နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများထံမျ အတင်းအကြပ်ငွေတောင်းခံ  မိုက်ကြေးခွဲ ရိုက်နှက်နေကြသည့် မြန်မာ မာဖီးယား ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ နဲ့  လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ များ ပူးပေါင်းကာ အဆိုပါဂိုဏ်းဝင်များနေထိုင်နေသည့် ပတူနမ့် နယ်မြေ တိုက်ခန်းတစ်ခုအတွင်း ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။


အဓိက တရားခံ နှစ်ဦး ဟာ အောင်ကို နဲ့  စံဂျေးဆိုသူတွေဖြစ်ပြီး သူတို့ ဟာ အလုပ်ပါမစ်မရှိကြတဲ့ မြန်မာအလုပ်သမား ၂၀ ဆီက နေ တစ်ဦးကို တစ်လ ဘတ်ငွေ ၄၇၀၀ အထိ နယ်မြကြေးဆိုပြီး အတင်းအကြပ် ကောက်ခံနေတယ်လို့  ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။ တရားခံ မြန်မာနိုင်ငံသား စံဂျေးက သူဟာ နယ်မြေ ရဲတွေနဲ့  ပူပေါင်းအလုပ်လုပ်နေသူဖြစ်တယ်လို့  tourist police ၇ဲတပ်ဖွဲ့  လိုကို နဲ့  ရဲဝတ်စုံ တွေ ၀တ်ပြီး မြန်မာနိုင်ငံသားတွေ ယုံကြည်အောင် ပြခဲ့တယ်လို့ ဆိုပါတယ်။

တရားခံနှစ်ဦးနဲ့  နောက်လိုက် တချို့  အဖမ်းခံရပြီး မြန်မာနိုင်ငံသားတချို့  သေဆုံးမှုနဲ့  မူးယစ်ဆေးဝါးနဲ့  ဆက်နွယ်မှုတွေကို ဆက်လက်စစ်ဆေးနေကြောင်း သိရပါတယ်။

No comments:

Post a Comment