Wednesday, June 19, 2019

လူငယ်များကို ထိုက်တန်သည့်နေရာတွင် တာဝန်ပေးမည်ဟု သူရဦးရွှေမန်းပြောကြား

လူငယ်များကို ထိုက်တန်သည့်နေရာနှင့် တာဝန် ပေးမည်ဟု သူရဦးရွှေမန်းက ပြော ကြား လိုက်သည်။
ဇွန်၁၇ရက်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့တွင်ကျင်းပ သည့်ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲ၌ပါ တီခေါင်းဆောင်သူရဦးရွှေမန်းကအထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။



ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီသည် တစ်ဦးတစ်ဖွဲ့ နှင့်သာသက်ဆိုင်သော ပါတီမ ဟုတ်ဘဲ ပြည်ထောင်စုသားအား လုံးနှင့်သက်ဆိုင်သည့် ပြည်ထောင် စုသား အားလုံးပိုင်ဆိုင်သည့်ပါတီ ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့က ဦးဆောင် ကမကထပြုနေခြင်းသာ ဖြစ်ပါကြောင်း၊ ပါတီဝင်အဖြစ်အ ဆိုပြုလာသူများအနက် ゞင်းတို့၏ စိတ်စေတနာ၊ အတွေ့အကြုံနှင့် အရည်အချင်းတို့အပေါ် မူတည် ကာရပ်ကွက်၊ ကျေးရွာအုပ်စုမှ သည် ဗဟိုအထိ ပါတီကော်မတီအဆင့်ဆင့်တွင်လည်းကောင်း၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်လောင်းများ အဖြစ်လည်း ကောင်းနေရာပေးတာဝန်ပေးမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့်လူငယ် များကို ထိုက်တန်သည့်နေရာနှင့် တာဝန်ပေးရန် ရည်ရွယ်ကြောင်း၊ လူငယ်များ၏ စိတ်စေတနာနှင့် အရည်အသွေးကို မြှင့်တင်ရေး အတွက်လည်းပြုစုပျိုးထောင် လေ့ ကျင့်ပေးရန်ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟု ယင်းပါတီက ဇူလိုင် ၁၇ ရက်ကသတင်းထုတ်ပြန် ခဲ့သည်။

ထို့အပြင် နိုင်ငံရေးပါတီများ ၏ရည်ရွယ်ချက်၊ မူဝါဒကောင်းမွန် ကြသော်လည်း လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကွဲပြားခြားနားကြပါကြောင်း၊ ပါ တီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံအ ရေး၊ ပြည်သူ့အရေးကိုပါတီတစ်ခု တည်းဖြင့်အလုံးစုံဆောင်ရွက်နိုင် မည်မဟုတ်ဘဲ အခြားပါတီများ၏ ပူးပေါင်းပါဝင်မှု၊ ပေါင်းစည်းညီ ညွတ်မှု""အား""ဖြင့်သာ ပိုမိုထိရောက် စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းကိုလည်း ゞင်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီသည် အခြေအနေ၊ အချိန်အခါ၏လိုအပ်ချက်နှင့် ပါတီ တွင်ပါဝင်ကြသူများ၏ နိုင်ငံအ တွက်ပြည်သူ့အတွက် အလုပ်အ ကျွေးပြုလိုသည့် စိတ်စေတနာ တို့အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ပါတီသည်လာမည့် ၂၀၂၀ ပြည့် နှစ်အထွေထွေရွေးကောက်
ပွဲအတွက်သာမဟုတ်ဘဲစဉ်ဆက်မပြတ် ရှင်သန်ခိုင်မာပြီး နိုင်ငံနှင့်ပြည်သူ များကယုံကြည်အားထားရသော၊ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ထိရောက် စွာစွမ်းဆောင်အကျိုးပြုနိုင်သော ပါတီအဖြစ်လည်းရေရှည်ရပ်တည် သွားမည်ဖြစ်ပါကြောင်း ပါတီ ခေါင်းဆောင်သူရဦးရွှေမန်းက ဆို သည်။

No comments:

Post a Comment