Wednesday, June 19, 2019

ခွင့်ဖြင့်ပြန်လာသော ရဲတပ်သားက ဇနီးဖြစ်သူ မူလတန်းပြဆရာမကို ဓားဖြင့်ထိုးသတ်မှု ရေတာရှည်မြို့နယ်တွင် ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရနယ်မြေရဲစခန်းအပိုင် အောင်ချမ်းသာရွာမှာ ဇွန် ၁၇ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်မှာတာဝန်ကျပြီး ခွင့်နဲ့ပြန်လာတဲ့ ရဲတပ်သားက ဇနီးဖြစ်သူ မူလတန်းပြဆရာမကို ဓားနဲ့သတ်မှုဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ကျူးလွန်သူရဲတပ်သားကို အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သာဂရနယ်မြေ ရဲစခန်းက သိရပါတယ်။

No comments:

Post a Comment