Wednesday, June 19, 2019

သမ္မတခွင့်ပြုရင် ဓမ္မစေတီခေါင်းလောင်း အမြန်ဆုံးဆယ်ယူမည်ဟု ဦးစံလင်းပြော

နိုင်ငံတော်သမ္မတခွင့်ပြုပါက ဓမ္မစေတီခေါင်းလောင်းကြီးကို အမြန်ဆုံးဆယ်ယူသွားမယ်လို့ ဦးစံလင်းက ဇွန်လ ၁၈ ရက်က ပြုလုပ်တဲ့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဓမ္မစေတီခေါင်းလောင်းဆယ်ယူဖို့ သမ္မတအပါအ၀င်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ချုပ်နဲ့ သက်ဆိုင်ရာဌာနအသီးသီးကို စာတင်ထားပေမယ့် တစုံတရာ အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။



ဒါကြောင့် ခေါင်းလောင်းဆယ်ယူဖို့ကို နိုင်ငံတော်သမ္မတခွင့်ပြုပါက လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ခေါင်းလောင်းကို စတင်ဆယ်ယူသွားမယ်လို့ ဦးစံလင်းက ဆိုပါတယ်။

ဒီခေါင်းလောင်းကြီးကို ၁၉၈၅ ခုနှစ်ကတည်းက တွေ့ရှိခဲ့တဲ့အတွက် အခု ဒီမိုးတွင်းမှာ အမြန်ဆုံးဆယ်ယူချင်တယ်လို့ ပြောပါတယ်။

ဦးစံလင်းဟာ သမ္မတသီးသိန်းစိန်အစိုးရလက်ထက်ကတည်းက မြန်မာနည်း၊ မြန်မာဟန်နဲ့ ပထမဆုံးအကြိမ် ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

No comments:

Post a Comment