Wednesday, June 19, 2019

မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မောင်းနှင် ထွက်ပြေးသွားသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီး

ဇွန်လ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ကောလင်းမြို့နယ်၊ ရှောပင်ခြုံကျေးရွာနှင့် အိုးမ ကျေးရွာသွားကားလမ်း၌ သူရကျော်(၂၆)နှစ်(ဖ)ဦးကျော်မြင့်၊ ကျောက်တန်းကျေးရွာ၊ ကောလင်းမြို့နယ် နေသူမောင်းနှင်ပြီး ဇင်ကို(၂၆)နှစ်၊ (ဖ)ဦးသဲ(ခ)ဦးသောင်းဟန်၊ ကြိုးကြာဥကျေးရွာ၊ ကောလင်းမြို့နယ် နေသူ လိုက်ပါလာသည့်ဆိုင်ကယ်အား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ခြင်း မရှိဘဲ ဖမ်းဆီးရေးအဖွဲ့အား ဆိုင်ကယ်ဖြင့်ဝင်တိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး၏ ခြေထောက်တွင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။



ဆိုင်ကယ်မှ ဆက်လက်မောင်းနှင်ထွက်ပြေးသောကြောင့် သတိပေးပစ်ခတ်ရာ နောက်ထိုင် လိုက်ပါသူ ဇင်ကိုအား ဝဲဘက်ခါးစောင်း ကျည်ရှပ်ထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိပြီး ၎င်း လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ၁၁ ဂရမ် (၁ ဂရမ်လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် တန်ဖိုး ကျပ် ၁၁ သိန်းခန့်)၊ ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သောကြောင့် ကောလင်းမြို့မရဲစခန်း မယ(ပ)၃၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment