Wednesday, June 19, 2019

နိုင်ငံ့အရေးထက် ပါတီအကျိုးဦးစားပေးနေဟု မော်ကျွန်းဆရာတော်ဝေဖန် ပါတီမဟုတ်၍ နိုင်ငံ့အကျိုးသာကြည့်ဟု တပ်မတော်ကိုချီးကျူး

သံဃာတော်များ အပါ အ၀င် နိုင်ငံ့အကျိုးကို ဦးစားပေး ဆောင်ရွက်နေသော အမျိုးသား ရေးဆောင်ရွက်နေသူများနှင့် ပြေ လည်မှုရစေရန် ပါတီအကျိုးအ လွန်အကျွံဦးစားပေးလုပ်ဆောင် နေသူများဘက်က အလျှော့ပေး ရမည်ဖြစ်ကြောင် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဗဟိုဦးဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌမော်ကျွန်းဆရာ တော်က မိန့်သည်။ ယမန်နေ့က အင်းစိန်မြို့ နယ်ရှိ အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက်၌ ပြုလုပ်သည့်အ မျိုးဘာသာသာသနာစောင့် ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်းနှစ်ပတ်လည်ညီလာခံနှင့် ဩ၀ါဒခံယူပွဲတွင် ထိုသို့မိန့်ကြား ခြင်းဖြစ်သည်။


‘‘၅၉(စ)(အခြေခံဥပဒေပါ သမ္မတအရည်အချင်းသတ်မှတ် ချက်ဆိုင်ရာပုဒ်မ)လို ပုဒ်မကို လည်း အတင်းအကျပ်ပြင်ဖို့ကြိုး စားနေတာ ကနေ့အနေနဲ့ကြည့် လိုက်ရင် သူတို့ပါတီအရေးကို ဦး စားပေးနေတဲ့အတွက် သူတို့လုပ် ရပ်မှန်တယ်ထင်နေတာ။ နိုင်ငံ တော်အရေး ဦးစားပေးတဲ့စိတ်ဝင် လာတဲ့အချိန်ကျရင်တော့ ငါတို့ လုပ်ခဲ့တာ မှားလိုက်တာဆိုပြီး နောင်တရလို့မဆုံးဖြစ်နေမှာပါ’’ ဟု ဆရာတော်ကမိန့်ကြားသည်။

နိုင်ငံသားများသည် နိုင်ငံ့အ ကျိုးကို ပထမ၊ ပါတီအရေးကို ဒုတိယ၊ မိမိအကျိုးကို တတိယ စသဖြင့် ဦးစားပေးဆောင်ရွက် သင့်သော်လည်း လက်ရှိတွင် ပါတီအကျိုးနှင့်မိမိအကျိုးကို ဦး စားပေးကာ နိုင်ငံ့အကျိုးကို နောက်ဆုံးနေရာတွင်သာ သတ် မှတ်ထားရှိ ဆောင်ရွက်နေ ကြောင်း ဆရာတော်၏မိန့်ကြား ချက်တွင် ပါဝင်သည်။

ဆရာတော်၊ သံဃာတော် များသည် နိုင်ငံ့အကျိုးကို ဦးစား ပေး၍ အမျိုးဘာသာသာသနာ ကာကွယ်ရေးလုပ်ငန်းများဆောင် ရွက်နေခြင်းဖြစ်ပြီး တပ်မတော် နှင့် ပြည်သူအချို့သည်လည်း အ လားတူ နိုင်ငံ့အရေးဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု လည်း မော်ကျွန်းဆရာတော်က ဆက်လက်မိန့်ကြားသည်။

‘‘တပ်မတော်သားတွေမှာ လည်း ပါတီမရှိဘူး။ ပါတီမရှိ တော့ တပ်မတော်သားတွေက ပြောကြဆိုကြပြီဆိုရင် သူတို့က လည်း နိုင်ငံတော်အရေးပဲ ကြည့် ပြီးတော့ပြောမှာပေါ့။ သူတို့မှာ လည်း ပါတီမရှိ၊ ကိုယ်ရေးကိုယ် တာလည်း သိပ်ပြီးတော့မငဲ့ကွက် တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ သူတို့ ပြောပြီဆိုရင် နိုင်ငံတော်အရေးကို ပဲဦးစားပေးပြီးတော့ ဒီလိုပြောပါ တယ်’’ ဟု မဘသအဖွဲ့ကို အ မည်ပြောင်းထားသည့် ဗုဒ္ဓဓမ္မပရ ဟိတဖောင်ဒေးရှင်းဒုတိယဥက္ကဋ္ဌ ဆရာတော်က မိန့်ဆိုသည်။

ထိုသို့ဦးစားပေးမှုမတူညီ ခြင်းကြောင့် ရှုမြင်ခံယူချက်များ ဆန့်ကျင်ဘက်ဖြစ်လာကာ နိုင်ငံ အရေးဦးစားပေးရန် တိုက်တွန်း သည့်ဆရာတော်၊ သံဃာတော် များကို ဝေဖန်ပုတ်ခတ်ခြင်း၊ အန္တရာယ်ပြုရန်ကြိုးပမ်းခြင်းတို့ ရှိလာခြင်းဖြစ်သည်ဟု ဆရာ တော်က မိန့်သည်။

‘‘ကာယကံရှင်တွေကိုယ် တိုင်ရော၊ အဲဒီကာယကံရှင်တွေ ကို ထောက်ခံပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရော ယနေ့အချိန်အခါ မှာ နိုင်ငံတော်အရေးဦးစားပေးတဲ့ ပုဂ္ဂိုလ်တွေကို ဘာလို့များကြမ်း ကြမ်းတမ်းတမ်းပြောဆိုနေမိသ လဲ၊ ကဲ့ရဲ့ပြစ်တင်ရှုတ်ချနေမိသ လဲ။ ပါတီအရေးအလွန်အကျွံဦး စားပေးနေတာကို လျှော့ချပြီး တော့ နိုင်ငံတော်အရေးကိုဦးစား ပေးရမှာဆိုတဲ့ အဲဒီသဘော သတိ ပြုပြီးတော့ ပြုပြင်ကြပေါ့။ ဒါအင် မတန်မှ အရေးကြီးပါတယ်’’ ဟု ဒုတိယဥက္ကဋ္ဌမော်ကျွန်းဆရာ တော်၏ မိန့်ကြားချက်တွင်ပါဝင် သည်။

မော်ကျွန်းဆရာတော်မိန့်ဆို ချက်တွင် ပါတီနာမည်တပ်၍ မပါ  ၀င်သော်လည်း လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် အခြေခံဥပဒေပုဒ်မ ၅၉(စ)ကိုပြင်ဆင်ရန် ထုတ်ဖော် ပြောကြားထားသကဲ့သို့ ပြင်ဆင် နိုင်ရေးကြိုးပမ်းမှုများ အတိအ လင်းရှိခဲ့သည်။

ထို့အတူ အမျိုးသားရေး လှုပ်ရှားသူများဟုဆိုသော လူစု လူဝေးနှင့် ဆောင်ရွက်ချက်အချို့ အပေါ် ဒီချုပ်အစိုးရက ဥပဒေအရ အရေးယူဆောင်ရွက်မှုများလည်း ရှိနေပြီး နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို ရုန့်ရင်းကြမ်းတမ်းသော အ သုံးအနှုန်းအချို့သုံးစွဲနေသည့် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထား သည်။

ထိုသို့သောအချိန်အတွင်း ပြုလုပ်သည့် အမျိုးဘာသာသာသ နာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိ တဖောင်ဒေးရှင်းနှစ်ပတ်လည်ညီ လာခံ၌ မော်ကျွန်းဆရာတော်က အထက်ပါအကြောင်းအရာများ ထည့်သွင်း မိန့်ကြားခြင်းဖြစ် သည်။

အာဏာရဒီချုပ်ပါတီဗဟို ပြန်ကြားရေးကော်မတီအတွင်း ရေးမှူး မုံရွာအောင်ရှင်ကမူ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် ၎င်းတို့ပါတီ၏ဆောင် ရွက်ချက်များသည် တစ်ပါတီ တည်းအကျိုးအတွက်မဟုတ်ဟု ပြောသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လုပ်တာက တစ်ပါတီတည်း နဲ့ဆိုင်တာလား၊ တိုင်းပြည်နဲ့ဆိုင် တာလား ပြန်ဆန်းစစ်ဖို့လိုလိမ့် မယ်။ ကျွန်တော်တို့က ပြင်ဖို့ကိစ္စ ကိုပဲ ပြောနေတာ။ ဘယ်သူ့ကိုမှ တိုက်ခိုက်ပြီး ပြောနေတာမဟုတ် ဘူး။ အစွန်းရောက်တဲ့အမြင်တွေ နဲ့လည်း ပြောနေတာမဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။ ‘‘ကျွန်တော်တို့က ၂၀၁၅ မှာ ဒီချုပ်အပြတ်အသတ်အနိုင်ရခဲ့ တာ ပါတီအတွက်ပြောလို့အနိုင် ရခဲ့တာလည်း မဟုတ်ဘူး’’ ဟု မုံရွာဦးအောင်ရှင်က  ဆက်လက် ပြောသည်။

No comments:

Post a Comment