Wednesday, June 19, 2019

တမူးမြို့တွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွား

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ စော်ဘွား ၈ ရပ်ကွက် စပါးဒိုင်အနီး ယနေ့ ည ၁၀ နာရီ၁၅မိနစ်က ကသည်းလူမျိုးတစ်ဦးနေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ "ကသည်းအိမ်မှာ ဗုံးပေါက်ကွဲတာပါ။ ကျွန်မတို့အိမ်ခြေရင်း တစ်အိမ်ကျော်ကဖြစ်တာ။ကျွန်မက မြို့ပြင်ချမ်းမြေ့ဘုန်းကြီးကျောင်းမှာရောက်နေလို့ အသံကြားတာနဲ့ ကမန်းကတန်းအိမ်ပြန်ပြေးရပါတယ်။လူတွေကတော့ အထိအခိုက်မရှိပါဘူး။"ဟု တမူးမြို့ခံ မဥမ္မာဝင်းကပြောသည်။ ပေါက်ကွဲမှုဖြစ်ရာသို့ တမူးမြို့ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်လွှတ်တော်ကိုယ်စားလှယ် များ မှ စစ်ဆေးမှု ပြုလုပ်နေသည်။ "ဘာပေါက်ကွဲတာဆိုတာတော့ ယူဆလို့မရသေးပါဘူး။ ထိန်းသိမ်းထားတယ်။ ရှာဖွေစစ်ဆေးနေတုန်းပါပဲ" တမူးစခန်းမှူးရဲအုပ်ကျော်ဇောအောင်ကပြောသည်။

No comments:

Post a Comment