Wednesday, June 19, 2019

ကလေးငါးယောက်ကိုသတ်ခဲ့တဲ့ဖခင်အတွက် အမေဖြစ်သူက သက်ညှာခွင့်တောင်း

မိမိရင်သွေး ကလေးငါးယောက်ကို သတ်ခဲ့တဲ့ဖခင်ကို သေဒဏ်ကနေ လွတ်မြောက်ခွင့်ပေးဖို့ အမေရိကန်နိုင်ငံသား မိခင်ဖြစ်သူကတရားသူကြီးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ “ကျွန်မကလေးတွေကို မသက်ညှာခဲ့ပေမဲ့ကလေးတွေက သူ့ကိုချစ်ကြ တယ်”လို့ အမ်ဘာကီဇာက တောင်ကာရို လိုင်းနားက တရားရုံးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ အသက် တစ်နှစ်မှ ရှစ်နှစ်ကြားရှိတဲ့ ကလေးငါးယောက်ကို ၂၀၁၄ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့က လက်ဇင်တန်နားက သူ့အိမ်မှာ သတ်ခဲ့ကြောင်း မေလမှာအ သက် ၃၇ နှစ်ရှိသူ ဖခင်က ဝန်ခံခဲ့ပါတယ်။



တရားရုံးက ဖခင်ဖြစ်သူ တင်မိုသီရေး ဂျုံန်းစ်ကို သေဒဏ်ချသင့်လား၊ တစ်ကျွန်း ထောင်ဒဏ်ချ သင့်လား ဆိုတာကို စဉ်းစား နေပါတယ်။

“အမေတစ်ယောက်အနေနဲ့ ဖြစ်နိုင်ရင် သူ့မျက်နှာကို ကုတ်ဖြဲလိုက်ချင်တယ်၊ သူက ကလေးတွေကို မသက်ညှာခဲ့ပေမဲ့ ကလေးတွေက သူ့ကိုချစ်တယ်၊ဒါကြောင့် အခုလို တောင်းဆိုရတာပါ”လို့ သူမကပြောပါတယ်။

ဒါပေမဲ့ တရားရုံးက ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှာပါလို့ သူမက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂ဝဝ၄ ခုနှစ်မှာ ချီကာဂိုက ကလေးပန်းခြံမှာ အလုပ် လုပ် ရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ခြောက်ပတ်အကြာမှာလက်ထပ် ခဲ့ကြတာလို့ ဆိုပါ တယ်။

ဒါပေမဲ့ သူဟာတဖြည်းဖြည်း ဘာသာရေး အစွန်းရောက်လာတာကြောင့် မေလ မှာ အိမ်ထောင်ရေးတင်းမာမှု ဖြစ်ခဲ့ပါတယ်။

ကိုးနှစ်အကြာမှာ သူတို့ ကွာရှင်းခဲ့ကြပြီး အဲသည်အချိန်မှာ ဖခင်ဖြစ်သူက အင်တယ်လ်ကွန်ပျူ တာအင်ဂျင်နီယာတစ် ယောက်အနေနဲ့ တစ်နှစ်ကို ဝင်ငွေဒေါ်လာ ၈၀,ဝဝဝ ရှိသလို ကားလည်းရှိတာကြောင့် ကလေးတွေကို စောင့်ရှောက်ပိုင် ခွင့်သူရရှိခဲ့ပါတယ်။

သူမအနေနဲ့ စနေနေ့တိုင်းမှာ chick-fil-A စားသောက်ဆိုင်မှာ ကလေးတွေနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။

တစ်ရက်မှာတော့ အသက်ခြောက်နှစ် အရွယ်နန်သာဟာ မီးပလတ်ပေါက် ကစားနေတာကိုတွေ့တဲ့အတွက် စိတ်တို ပြီး သတ်ခဲ့ပါတယ်။ အဲသည်နောက် နောက်ထပ် လေးယောက်ကိုလည်း သတ် ခဲ့ပြီး အ လောင်းတွေကို ပလတ်စတစ်အိတ်နဲ့ ထုတ်ကာ အားကစားပစ္စည်းထည့် တဲ့ အိတ်နဲ့ထုပ် ပြီး အလာဘားမားက ရွာတစ်ခုမှာ သွားမစွန့်ပစ်ခင် ကိုးရက် တိုင်တိုင် ကားနဲ့လျှောက်ပတ် မောင်းခဲ့ပါတယ်။

မစ္စစ္စပီက လမ်းဆုံမီးပွိုင့်မှာ ရပ်နားနေစဉ် ကားပေါ်ကနေ လူသေနံ့ ရတာ ကြောင့်ရဲအရာရှိတစ်ယောက်က မသင်္ကာဖြစ်ပြီး သူ့ကို ဖမ်းဆီးခဲ့ပါတယ်။

ဂျုံန်းစ်ကတော့ စိတ်ဝေဒနာဆိုတဲ့ ခေါင်းစဉ်နဲ့ အသနားခံလျှောက်ထားခြင်း မရှိပါဘူး။

ခုခံသူအဖွဲ့ကတော့ သူဟာစိတ်ဝေဒနာခံစားနေရကြောင်း ပြောကြားခဲ့ပါ တယ်။

ဘေးအိမ်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကြောင့်သူ့မိန်းမ သူ့ကိုထားခဲ့တယ်လို့ ထင်ရာကနေ စိတ်ဖောက်ခဲ့တာလို့ သူတို့က ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment