Wednesday, June 19, 2019

အသက်မပြည့်သေးသော ညီအစ်မနှစ်ဦးကို အဓမ္မပြုကျင့်မှု သံသယရှိသူခရစ်ယာန်ဘာသာရေးဆရာတစ်ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက အသက်မပြည့်သေးသော ညီအစ်မနှစ် ဦးကို အဓမ္မပြုကျင့်သည်ဟု သံသယရှိနေ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်တွင် အဘွားနှင့်အတူ နေထိုင်သော အသက် (၁၁) နှစ်နှင့် (၁၃) နှစ်အရွယ် မိန်းကလေး နှစ်ဦးကို (၄၅) နှစ်အရွယ် ဦးဆွမ်ဇမုန်အမည်ရှိ  ဘာသာရေးဆရာတစ် ဦးက ဘာသာရေးအဆောက်အ အုံအတွင်းခေါ်ယူကာ အဓမ္မပြုကျင့်သည်ဟု သံသယရှိ၍ ဖမ်းဆီးခဲ့ကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးအောင်ကျော်က ဇွန်လ ၁၈ ရက်၌ ပြောသည်။



‘‘သူတို့ ဆုတောင်းဆောင် ထဲမှာ ခေါ်ပြီး အဓမ္မကျင့်တယ်လို့ ကလေးတွေရဲ့ အဒေါ်က တရားလိုလုပ်တိုင်ထားတယ်’’ ဟု ဒုတိယရဲမှူးကြီး အောင်ကျော်က ပြောသည်။

ကလေးနှစ်ဦးလုံးကို အဓမ္မပြုကျင့်သည်ဟု မိသားစုဝင်များ က ပြောဆိုထားသော်လည်း လတ်တလောတွင် တစ်ဦးအတွက်သာ အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကလေးမြို့နယ် တောင်ဖီလာ ရပ်ကွက်ရှိ ခရစ်ယာန်ဘာ သာရေး အဆာက်အအုံတစ်ခုတွင် ဇွန်လ ၁၄ ရက် နှင့် ၁၅ ရက်က အထက်ပါ မှုခင်းဖြစ်ခဲ့ပြီး ဘာသာရေးဆရာ ဆိုသူကို ဇွန်လ ၁၅ ရက် ည၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အိမ်ထောင်သည်ဖြစ်ပြီး မိသားစုနှင့်အတူ နေထိုင်သော ဘာသာရေးဆရာက အဖမ်းခံရန် ငြင်းဆန်ခဲ့သည်။ ရဲအရာရှိတစ်ဦး၏ ဇနီးနှင့် ကလေးငယ်နှစ်ဦး၏ အဘွားက အဓမ္မပြုကျင့်ခံရသည်ဆိုသော ကလေးငယ်ကို အိမ်သာအတွင်းခေါ်၍ စစ်ဆေးပြီးနောက် ဦးဆွမ်ဇမုန်ကို တစ်ပါတည်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

‘‘ဒီဆရာကို ဘွားအေက တအားယုံတာ။ ယုံတော့ ကလေးမလေးတွေကို ဆုတောင်းပေးပါလို့ ဘွားအေက ခိုင်းတယ်လို့ ပြောတယ်။ အကြီးမကို ဇွန်လ ၁၄ ရက်က ခေါ်သွားပြီး ဆုတောင်းခန်း ထဲမှာ အဓမ္မကျင့်တာလို့ ပြောတယ်။ အိမ်ရောက်တော့ ရေချိုးခိုင်းတယ်။ ၁၅ ရက်ကျတော့ နောက်တစ်ခါခေါ်ဖို့ ပြန်လာတော့ကလေးမက ရှောင်တော့ အိမ်မှာကျန်တဲ့ ညီမကို ခေါ်သွားတာ’’ ဟု ကြို့သုံးပင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက 7Day Daily အား ပြောသည်။

ဆုတောင်းဆောင်မှ ပြန်ရောက်လာသော (၁၁) နှစ်အရွယ်ကလေးငယ်၏ အမူအရာပျက်နေ ၍ အဒေါ်ဖြစ်သူများက မေးမြန်းရာမှ ညီအစ်မ နှစ်ဦးစလုံးအား  အဓမ္မပြုကျင့်ထားသည်ကို မိသားစုဝင်များက သိရှိပြီး ၎င်းကိုလာရောက်တိုင်ကြားသည်ဟု ကြို့သုံးပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်ဇကျင်က ပြောသည်။

 ‘‘နှိုက်နှိုက်ချွတ်ချွတ် မေး တော့ အကုန်လုံး ပေါ်တော့တာ’’ ဟု ဇွန်လ ၁၅ ရက် အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။

အခင်းဖြစ်သည့် ဘာသာ ရေး ကျောင်းဝင်းအတွင်း ငါးပေမှခုနစ်ပေ ပတ်လည်ခန့် သီးသန့်အဆောင်များ ရှိနေပြီး အခန်းတစ်ခန်းချင်းသည် ဆိတ်ငြိမ်သောနေ ရာတွင် ဆုတောင်းလိုသူ တစ်ဦးချင်းအတွက် တည်ဆောက်ထား သည်ဟု ဒေသခံများက ရှင်းပြသည်။ သို့သော် ကလေးငယ်နှစ်ဦးသည် ယင်းကဲ့သို့ အခန်းထဲတွင် အဓမ္မကျူးလွန်ခြင်းခံရ ခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ရဲတပ်ဖွဲ့က ပြောသည်။

 ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ဘာသာရေးဆရာသည် ကြို့သုံးပင်ရပ်ကွက်သို့ ရောက်လာသည်မှာ လေးနှစ်ခန့်သာရှိ သေးပြီး ဒေသခံတိုင်းရင်းသားအ ချို့က ယုံကြည်သည်ဟု ခရစ်ယာန်ဘာသာအသိုင်းအ၀ိုင်းက ဆိုသည်။ အခင်းဖြစ်ရာ တောင်ဖီလာ ရပ်ကွက်ရှိ ခရစ် ယာန်ဘာသာရေး ကျောင်းမှ သင်းအုပ်ဆရာတစ်ဦးထံ လာရောက်နေ ထိုင်လေ့ရှိသူဖြစ်သည်။

‘‘သူက သင်းအုပ်ဆရာရဲ့ တပည့်တစ်ယောက်။ သူများကို ဆုတောင်းပေးရင် ကောင်းတယ်၊ ဆူးတွေ ထုတ်လို့ရတယ်၊ ဘာညာဆိုတာကို ယုံတာကိုး’’ဟု ကြို့သုံးပင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် နယ်ချင်းထိစပ်နေပြီး ဘာသာရေးဆရာများအပေါ် ယုံကြည်ကိုးကွယ်မှု များပြားသည့် ကလေးဒေသတွင် ၂၀၁၈ ကလည်း ဘာသာရေးဆရာတစ်ဦးက ၎င်းခေါ်ယူစောင့် ရှောက်ထားသော အသက်မပြည့် သေးသည့် မိန်းကလေးနှစ်ဦးကို  အဓမ္မပြုကျင့်မှု ဖြစ်ခဲ့သည်။ ယင်းအမှုကို စစ်ဆေးပြီးနောက် ဘာသာရေး ဆရာကို ကလေးခရိုင် တရားရုံးက ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့သည်။ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ‘‘ဒီလိုအမှုတွေ ထပ်မဖြစ်အောင် မိဘတွေအပေါ်မှာ တာဝန်ရှိတယ်။ ကိုယ့်သားသမီး၊ ကိုယ့်ရဲ့ မြေးကို သူတစ်ပါးကို အပ်လိုက်လို့ မရဘူး။ မလွှတ်ထား သင့် ဘူး’’ဟု အကြံပြုသည်။

No comments:

Post a Comment