Wednesday, June 19, 2019

နာဂဒေသတွင် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များခန့်ထားရန် လျှောက်လွှာခေါ်ယူ

 နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် အမျိုးသမီးရဲတပ်ဖွဲ့ ၀င်များခန့်ထားရန် လျှောက်လွှာ  ခေါ်ယူမည်ဖြစ်ကြောင်း နာဂဒေသအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်က ပြောသည်။ လွှတ်တော်ကိုယ်စားလှယ်  ဦးမင်းနိုင်နှင့် ပြည်ထဲရေးဝန်ကြီး  ဌာနပြည်ထောင်စုဝန်ကြီးတို့တွေ့ ဆုံဆွေးနွေးမှုအရ နာဂဒေသရှိ ဒေသခံအမျိုးသမီးရဲဝန်ထမ်းများ ခန့််ထားရေးနှင့် ပတ်သက်ပြီး လေ ရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တို့ မှသတ်မှတ်ချက်နှင့် ကိုက်ညီ သောအမျိုးသမီး ၅၀ ဦးကို ရဲတပ် ဖွဲ့ဝင်အဖြစ်ခန့်ထားရန် ဇွန်လ ၁၇ ရက်တွင် စတင်စာရင်း ကောက်ယူနေသည်။



‘‘နာဂဒေသမှာ ရဲအမျိုးသမီး ၀န်ထမ်းဆိုတာ အခုမှပဲလျှောက် ရတာပေါ့။ အရင်တုန်းက မရှိခဲ့ ဘူး။ ကိုယ့်ဒေသနဲ့ ကိုယ့်ဘာသာ စကားနားလည်တဲ့ရဲတပ်ဖွဲ့ဝင်  တွေလိုအပ်တာပေါ့။ မူးယစ်ဆေး ၀ါးနဲ့ကျန်တဲ့ ဥပဒေပိုင်းဆိုင်ရာ နည်းနည်းပါးပါးနားလည်သွား အောင်အမျိုးသမီးရဲဝန်ထမ်းတွေ  လျှောက်ထားကြတာရှိတယ်။ အ ခုစာရင်းကောက်တဲ့အချိန်မှာ စာ ရင်းပေးလျှောက်ထားသူတွေရှိ တယ်’’ ဟု ဦးမင်းနိုင်ကပြောသည်။

အနိမ့်ဆုံး ပညာအရည် အချင်း န၀မတန်းအောင်ရမည် ဖြစ်ပြီး အရပ် ၅ ပေ ၂ လက်မရှိ ရမည်ဖြစ်ကာ အသက် (၂၅) နှစ် ထက် မကျော်လွန်သည့် အိမ် ထောင်မရှိသူ နာဂတိုင်းရင်းသူ များ လျှောက်ထားနိုင်သည်။ ‘‘နာဂဒေသမှာ နယ်စပ် ထွက်ပေါက်တွေလည်းရှိတော့  အမျိုးသမီးရဲဝန်ထမ်းတွေရှိသင့် တာပေါ့။  အမျိုးသမီးရဲဝန်ထမ်း ခန့် ထားပေးတဲ့အတွက် ဒေသခံ အမျိုးသမီးတွေလည်း အလုပ်ရ တယ်။ ဒေသတွင်းမူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း ဒီထက်ပိုပြီး တားဆီးတာ၊ ဖမ်းဆီးတာတွေ လုပ်နိုင်မယ်။ လက်ရှိနာဂဒေ သမှာရဲတပ်ဖွဲ့ဝင်အင်အားအနေ နဲ့အားနည်းနေသေးတယ်’’ ဟု လလယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး ကယ်က ပြောသည်။

No comments:

Post a Comment