Wednesday, June 19, 2019

ဒေါ်နယ်ထရမ့်က ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ရန် မဲဆွယ်မှုစတင်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တရားဝင်မဲဆွယ်စည်းရုံးရေးကို ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ၌ ဇွန် ၁၈ ရက် ညပိုင်းတွင် စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ “ ဘာကြောင့် ဒီညမှာ ကျွန်တော်ဟာ ခင်ဗျားတို့ ရှေ့ မှာ ရပ်နေသလဲဆိုရင် အမေရိကန်နိုင်ငံရဲ့ သမ္မတရာထူး ဒုတိယသက်တမ်းအတွက် တရားဝင်မဲဆွယ်ဖို့ ပါပဲ” ဟု Amway စင်တာ ခန်းမကျယ်ကြီးအတွင်းရှိ လူအုပ်ကြီးအား ထရမ့်က ဆိုခဲ့သည်။



ယင်းသို့ မဲဆွယ်မိန့် ခွန်းပြောကြားစဉ် ထရမ့်က နိုင်ငံ၏စီးပွားရေး ၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒများ နှင့် ကုန်သွယ်ရေးချဉ်းကပ်ပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့် ပြန့် ထည့်သွင်းဟောပြောခဲ့ပြီး ပြည်ထောင်စုတရားရုံးများကို ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ၄င်း၏ ကြိုးပမ်းချက်များကိုလည်း ဆိုခဲ့သည်။

သမ္မတထရမ့်က ၄င်းအပေါ် နိုင်ငံရေးအရဆန့် ကျင်နေမှုများ ၊ အချို့ သော သတင်းဌာနများ၏ ၄င်းအပေါ် ဝေဖန်မှုများ နှင့် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်မှုရှိမရှိဆိုသည့် ပြီးခဲ့သောမတ်လတွင် အဆုံးသတ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု နှင့်သက်ဆိုင်သောကိစ္စရပ်များအပါအဝင် အခြားသော ကိစ္စရပ်များစွာကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့်သည် ၂ဝ၁၆ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်အား အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ၄၅ ယောက်သမ္မတဖြစ်လာခဲ့သည်။

၎င်းသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်တွင် သမ္မတရာထူး တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ထိုနေ့ ၌ပင် သမ္မတတာဝန် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့  ခွင့်ပြုချက် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment