Wednesday, June 19, 2019

ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်နိုင်ရေးဆိုင်ရာ အစိုးရအဆိုပြုချက် များစွာအပြုသဘောဆောင်ဟု PNLO သုံးသပ်

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် တစ်ဆို့နေမှုကို ကျော်လွှားနိုင် ရေး အချက်လေးချက်ပါသော အစိုးရ၏အဆိုပြုချက်သည် များစွာ အပြုသဘောဆောင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားသည်။ ဇွန်လ ဒုတိယပတ်အတွင်း က ရန်ကုန်မြို့၌ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများ၏ အလွတ် သဘောအစည်းအဝေးတွင် အစိုးရအဆိုပြုသည့် အချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အဓိပ္ပာယ်ဖွင့်ဆိုရေးဆိုင် ရာ ကိစ္စ၊ ဖက်ဒရယ်အခြေခံမူများ ရယူရေး ဆောင်ရွက်ရန် ကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီနှင့် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စနှင့်  အပစ်ရပ်နယ်မြေ များအတွင်း ဒေသအလိုက် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ကိစ္စတို့ဖြစ် ကြောင်း ၎င်းက ဆိုသည်။


‘‘အများကြီးပဲ အပြုသဘော ဆောင်တဲ့ အဆိုပြုချက်တွေဖြစ်ပါ တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကြားမှာ လည်း မိမိတို့အဖွဲ့အစည်းကို ပြန်လည်ညှိနှိုင်းဆွေးနွေးပြီး အ ကြောင်းပြန်မှာ ဖြစ်ပါတယ်။ နိုင်ငံ ရေးပါတီကလည်း ထို့နည်းတူဖြစ် ပါတယ်’’ ဟု ခွန်မြင့်ထွန်းက ပြောကြားသည်။

အစိုးရအနေဖြင့် ၂၁ရာစုပင် လုံညီလာခံကို ဆောလျင်စွာ ကျင်း ပလိုသော်လည်း ထိုသို့ ကျင်းပ နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ တရားဝင် ကျင်းပနိုင်ရန်နှင့်  နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှု ရေး စသည့် ကဏ္ဍအလိုက် အစည်း အဝေးများ ကျင်းပနိုင်ရန်  လိုအပ်သည်ဟု PNLO ဦးဆောင်နာယ က ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

‘‘တရားဝင် UPDJC တွေ့ဖို့ လိုတယ်။ ၂၁ ရာစုပင်လုံ မခေါ် ခင်မှာ အလုပ်အဖွဲ့တွေ ထိုင်ဖို့ လိုတယ်။ အဲဒီအလုပ်အဖွဲ့တွေက နေ ရလာတဲ့ သဘောတူညီချက် တွေကို ကြိုတင်ပြင်ဆင်ပြီးတော့ နိုင်ငံရေးကဏ္ဍမှာ ဘယ်နှချက်၊လုံခြုံရေးကဏ္ဍမှာ ဘယ်နှချက် အဲဒီလိုကဏ္ဍအလိုက် အချက်တွေ ကို ရပြီး စုဆောင်းပြီးပြီဆိုမှ ၂၁ရာစု ပင်လုံခေါ်ပြီး အတည်ပြုလိုက်တာ လှတာပေါ့’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

တရားဝင် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အလွတ်သဘော တွေ့ဆုံမှုများစွာ လုပ်ဆောင်သင့် ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ် စိုင်းကျော်ညွန့် က ပြောသည်။

‘‘ဒီ (အလွတ်သဘော တွေ့ဆုံမှု) ကနေမှ တစ်ဆင့် တကယ့် တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ ကတော့ ဘယ်လိုမျိုးတွေ ပါဝင်ကူညီဆောင်ရွက်နိုင်မလဲဆိုတာကို တင်ပြထားတာရှိပါတယ်’’ ဟု စိုင်းကျော်ညွန့်က ပြောသည်။ ၂၁ ရာစုပင်လုံ ညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားသော်လည်း NCA အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်း ရေးဆွေးနွေးရေးလုပ်ငန်းစဉ်တွင် မပြေလည်မှုများရှိနေ၍  ၂၁ ရာစု ပင်လုံကို တစ်နှစ်ခန့်ကြာသည်အ ထိ မကျင်းပနိုင်ဘဲဖြစ်နေသည်။

No comments:

Post a Comment