Wednesday, June 19, 2019

ဂျပန်တွင် အင်အား ၆.၈ ရှိသော အင်အားပြင်း ငလျင်လှုပ်ခဲ့ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

ဂျပန်အနောက်မြောက်ပိုင်းတွင် ဇွန် ၁၈ က အင်အား ၆.၈ ရှိသော ငလျင်လှုပ်သွားခဲ့ပြီး တစ်မီတာ (၃.၃ပေ) အမြင့်ရှိသော ဆူနာမီလှိုင်း ဖြစ်နိုင်ခြေရှိကြောင်း တာဝန်ရှိသူများက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အောက် ၆ မိုင် (၁၀ ကီလိုမီတာ) အနက်တွင် လှုပ်ခဲ့သော ယင်းငလျင်သည် ဆာကာတာမြို့၏ အနောက်တောင်ဘက် မိုင် ၃၀ (ကီလိုမီတာ ၅၀) အကွာရှိ ယာမာဂတခရိုင် ကမ်းလွန်တွင် လှုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။ ငလျင်သည် ပြင်းအားကြီးမားသောကြောင့် ကီလိုမီတာ ၃၀ဝ အကွာရှိ မြို့တော် တိုကျိုတွင်ပင် ငလျင်ဒဏ်ကို ခံစားခဲ့ရသည် ဟုဆိုသည်။ ငလျင်၏ ဗဟိုချက်ဖြစ်သော နီဂါတာခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ငလျင်၏ သက်ရောက်မှုကို တိတိကျကျ မသိရသေးကြောင်း သတင်းအချက်အလက်များ စုဆောင်းနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment