Wednesday, June 19, 2019

မြို့သာစက်မှုဥယျာဉ်တွင် ဆေးခြောက်စိုက်ပျိုးသည်ဆိုသော အမေရိကန်နိုင်ငံသားငါးဦးအမှု စတင်စစ်ဆေး

 မြို့သာစက်မှုဥယျာဉ် တွင် ဆေးခြောက်စိုက်ပျိုးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော အမေရိကန်နိုင်ငံသား ငါးဦးအမှုကို ဇွန်လ ၁၈ ရက်က မြင်းခြံခရိုင်တရားရုံး၌ စတင် စစ်ဆေးကြောင်း စွပ်စွဲခံရသူများ၏ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။ အမေရိကန်နိုင်ငံသားငါးဦး ကို မေလ ၂၁ ရက်တွင် တရားရုံးက ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိ၌ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ ‘‘ဒီနေ့က တရားခံပြေး အမေရိကန်နိုင်ငံသားငါးဦးအမှုကို စစ် တယ်။ နောက်ပြီး မင်နီသက်သေ စစ်မယ်။ မင်နီသက်သေဆိုတာ ဖမ်းမမိနိုင်ဘူးဆိုတဲ့ လုံခြုံရေး သက်သေနဲ့ မင်ပြာသက်သေ (အမှုနဲ့ပတ်သက်ပြီး ထွက်ဆို သည် သက်သေ)ကို စစ်မယ်’’ဟုဦးသိန်းသန်းဦးက ပြောသည်။



စက်မှုဥယျာဉ်တွင် ဆေး ခြောက်စိုက်ပျိုးသည်ဟုဆိုသော ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ် တပ်ဖွဲ့က တရားလိုပြုလုပ်ကာ အ မေရိကန်နိုင်ငံသားခြောက်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးကို အမှုဖွင့် ထားသည်။ အမေရိကန်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦး ကို ပြီးခဲ့သည့် ဧပြီက မူးယစ်ဆေး ဝါးဥပဒေပုဒ်မလေးခုဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။ ကျန်ရှိသည့်ငါးဦးနှင့် ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်၍ လက်ရှိ ဖမ်း ဆီးထားသော သုံးဦးကို စစ်ဆေး နိုင်ခြင်းမရှိသေးကြောင်း သိရ သည်။

‘‘အန်တီ့သမီးက အလုပ်ဝင် တာ တစ်လတောင်မပြည့်သေး ဘူး။ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး တောက်တိုမည်ရလုပ်ရတာ။ ဘာ မှမသိဘဲနဲ့ ဖမ်းဆီးခံလိုက်ရတာ ဆိုတော့ မြန်မြန်လွတ်စေချင် တယ်။ သူလည်း အချုပ်ထဲမှာ မနေချင်ဘူးလေ’’ဟု တရားစွဲဆို ခံထားရသော မြန်မာနိုင်ငံသား မရွှန်းလဲမြတ်နိုး၏ မိခင် ဒေါ်ရည် ဝင်းက ပြောသည်။

ဇွန်လ ၁၈ ရက်က မြင်းခြံ ခရိုင်တရားရုံး ရုံးချိန်းတွင် မြို့သာ မြို့ ဒေသခံ ၁၀၀ ကျော်က လာ ရောက်ဝန်းရံခဲ့သည်။

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ရှိ မြို့သာစက်မှုဥယျာဉ်အတွင်း အမေရိကန်ကုမ္ပဏီ 3M က မြေ နေရာငှားရမ်း၍ ဆေးခြောက်ဧက ၂၀ ခန့် စိုက်ပျိုးထားသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီတာဝန်ရှိသူများနှင့် စက်မှုဥယျာဉ် တာဝန်ရှိသူများက အဆိုပါ ဆေးခြောက်များသည် မူးယစ်ဆေးဝါး (Marijuana) မဟုတ်ဘဲ ချည်မျှင်နှင့် ဆေးဖက် ဝင် အဆီထုတ်လုပ်နိုင်သော (Hemp) ဆေးခြောက်လျှော်များ ဖြစ်ကြောင်း ဖြေရှင်းထားသည်။ အဆိုပါအမှုကို တရား ရုံးက ဇူလိုင် ၁ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

No comments:

Post a Comment