Wednesday, June 19, 2019

လွှတ်တော်ခြေရာ (၁၂)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ ကျင်းပပြီးစီးခဲ့ပါပြီ။ြ ပည်ထောင်စုလွှတ်တော်က ကျင်းပရက် ၁၄ ရက်၊ ပြည်သူနဲ့ အမျိုးသားလွှတ်တော်တို့က ကျင်း ပရက် ၁၆ ရက်စီနဲ့ အသီးသီး ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးသည်လည်း တို တောင်းတဲ့ ပုံမှန်အစည်းအဝေး တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ခဲ့ ပါတယ်။


အမျိုးသားလွှတ်တော်
ဧပြီ ၂၉ ရက်ကနေ ဇွန်လ ၆ ရက်အထိ ကာလအတွင်း ကျင်းပရက် ၁၆ ရက်ရှိခဲ့တဲ့ အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေး မှာ ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၅၃ ခုတို့ မေးမြန်းခဲ့ပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းတွေ ထဲက မေးခွန်း ၃၃ ခုက မဲဆန္ဒနယ်မြေတစ်ခုတည်းကိုသာ မကဘဲ ပြည်သူအများစုကို ကိုယ် စားပြုတဲ့ မေးခွန်းတွေအဖြစ် ပါဝင် ခဲ့ပါတယ်။

အဲဒီမေးခွန်းတွေထဲမှာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ရာ မှာ မသန်စွမ်းတို့ လွယ်ကူအဆင် ပြေစေရေး လျှောက်လှမ်းပါဝင်တဲ့  အထောက်အကူပြုပုံစံမျိုး ထည့် သွင်းဆောက်လုပ်ပေးဖို့၊ မိုးကာ လ ဆည်မြောင်းတာတမံများ ကျိုး ပေါက်မှုဘေးက ကာကွယ်ပေးဖို့၊ ဧရာဝတီမြစ်ရေရှည်တည်တံ့ရေး ကမ္ဘာ့ဘဏ် အထောက်အပံ့နဲ့ ထိန်းသိမ်းပေးဖို့၊ မြန်မာတစ်နိုင်ငံ လုံးရှိ မသန်စွမ်းသူတွေကို အခမဲ့ ဖြစ်စေ၊ ကျခံနိုင်တဲ့ နှုန်းထားတစ် ခုနဲ့ဖြစ်စေ ကျန်းမာရေးစောင့် ရှောက်မှု စနစ်တစ်ခု ပြုလုပ်ပေးဖို့ ဆိုတဲ့ မေးခွန်းတို့ ပါဝင်ခဲ့ပါတယ်။

 အဆိုတင်သွင်းဆွေးနွေးမှု အပိုင်းကို ကြည့်မယ်ဆိုရင် အဆို လေးခုတင်သွင်းခဲ့ပြီး ဒီပုံမှန်အ စည်းအဝေးမှာ အဆိုတစ်ခုကိုသာ ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး သုံးခု ကိုတော့ ဆွေးနွေးဖို့သဘောတူတဲ့ အဆင့်နဲ့ ပုံမှန်အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။ အတည်ပြုခဲ့တဲ့ အဆိုက ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)က ဦးမောင် မောင်အုန်းရဲ့ ‘‘မြန်မာ့ပင်လယ် ဆိပ်ကမ်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ် မဒေးကျွန်းရေနက်ဆိပ် ကမ်းမှ တရုတ်ပြည်သူ့သမ္မတနိုင် ငံသို့ ရေနံစိမ်းများကို ပိုက်လိုင်းမှ တစ်ဆင့် သယ်ယူရန်အတွက် တန် ချိန်သုံးသိန်းခန့်အရွယ်ရှိ ဧရာမဆီတင်သင်္ဘောကြီးများ ယင်းဆိပ် ကမ်းသို့ ဝင်ရောက်လျက်ရှိရာ ကြီးမားသည့် မတော်တဆထိခိုက်မှု အန္တရာယ်များ အချိန်မရွေး ဖြစ်ပေါ်စေနိုင်ပြီး ပမာဏများပြား သော ဆီယိုဖိတ်မှုများ (Heavy Oil Pollution) ဖြစ်ပေါ်နိုင်စေရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၏ သဘာဝသယံဇာတနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ အချိန်မီနှင့် အ မြန်ဆုံး အန္တရာယ်ကာကွယ်တား ဆီးရေး ကိစ္စများကို ကြိုတင်စီမံ ခြင်းနှင့် ပြည့်စုံလုံလောက်သော ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ် ပြေးညီ စီမံရေးဆွဲပေးရန်  ပြည် ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း’’ အဆိုဖြစ်ပါတယ်။

ဒီတစ်ကြိမ် အမျိုးသားလွှတ် တော်ရဲ့ ပုံမှန်အစည်းအဝေးမှာ ဒုတိယအကြိမ် အမျိုးသားလွှတ် တော်ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေးအထိ တင်သွင်းမေးမြန်းခဲ့ တဲ့ အဆို၊ မေးခွန်းများနဲ့ စပ်လျဉ်း တဲ့ အစီရင်ခံစာကိုလည်း ဖတ် ကြားတင်သွင်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်
ဧပြီ ၂၉ ရက်ကနေ ဇွန်လ ၆ ရက်အထိ ကာလအတွင်း ကျင်းပရက် ၁၆ ရက်ရှိခဲ့တဲ့ ပြည်သူ့လွှတ် တော် ပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၁၃၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၅၈ ခုတို့ကို မေးမြန်းခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းတွေ ထဲက မေးခွန်း ၃၈ ခုကတော့ မဲဆန္ဒနယ်မြေတစ်ခုတည်းကိုသာမက ပဲ ပြည်သူအများစုကို ကိုယ်စား ပြုတဲ့ မေးခွန်းတွေအဖြစ် ပါဝင်ခဲ့ပါတယ်။

အဲဒီမေးခွန်းတွေထဲမှာ လျှပ်စစ်မီးပြတ်တောက်မှုမရှိအောင် စီမံထားရှိမှု အခြေအနေအပေါ် မေးခွန်း၊ စပါးဈေးနှုန်းကို စားသုံး သူနဲ့ ထုတ်လုပ်သူ တောင်သူတို့ မနစ်နာစေတဲ့ ဈေးနှုန်းတစ်ရပ် ဖြစ်ပေါ်ရေးစီစဉ်ပေးဖို့၊ အစိုးရ အဖွဲ့တွင်း နိုင်ငံတကာက ကျွမ်း ကျင်ပညာရှင်များ၊ အကြံပေးများ ခန့်အပ်ထားမှုအပေါ် မေးခွန်း၊  ပင်စင်စားဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် ပင်စင်ခံစား ခွင့်ညီမျှမှုရှိစေဖို့နဲ့ သက်ကြီးရွယ် အို ပင်စင်စားများအနေနဲ့ မိမိတို့ ဆန္ဒအရ ပင်စင်အပြီး ခံစားခွင့်ရှိ စေဖို့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း၊ အဓမ္မလုပ်အား ခိုင်း စေခြင်း လုံးဝပပျောက်စေဖို့နဲ့ ပြန်လည်ခေါင်းထောင်မလာဖို့ အစီအစဉ်ရေးဆွဲထားခြင်း ရှိ၊ မရှိ မေး ခွန်း၊ ပြဋ္ဌာန်းပြီး ဥပဒေများကို အများပြည်သူ လေ့လာနိုင်စေဖို့ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ၊ မရှိ အပေါ် မေးခွန်းတို့ပါဝင်ခဲ့ပါ တယ်။

 အဆိုတင်သွင်းဆွေးနွေးမှု အပိုင်းကို ကြည့်မယ်ဆိုရင် အဆို ၁၄ ခုတင်သွင်းခဲ့ပြီး အတည်ပြု အဆိုရှစ်ခု၊ မှတ်တမ်းတင်အဆို သုံးခု၊ ဆက်လက်ဆွေးနွေးဖို့ ကျန် ရှိတဲ့အဆို သုံးခုတို့ ဖြစ်ပါတယ်။ ဒီအဆိုတွေထဲမှာ စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ သင့်တင့်မျှတတဲ့ဈေးနှုန်းရရှိဖို့၊ ဘိန်းအစားထိုး စီမံကိန်းများ စနစ်တကျ ဆောင် ရွက်ဖို့၊ ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဖို့၊ နိုင်ငံရဲ့အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်စေရေး တောင်သူဗဟိုပြု စိုက်ပျိုးရေးနဲ့ အသားငါးထုတ် လုပ်ရေးကဏ္ဍကို နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲအကောင်အ ထည်ဖော်ပေးဖို့၊ မူလတန်းသင် ဆရာ၊ ဆရာမခန့်ထားရာမှာ ဒေသခံ ဘွဲ့ရတိုင်းရင်းသားတွေကို ဦးစားပေး ခန့်ထားနိုင်ရေး မူဝါဒ တစ်ရပ် ထည့်သွင်းချမှတ် အကောင်အထည်ဖော်ပေးဖို့၊ ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေ ရေး ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်တဲ့ ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အသိပညာပေး တားဆီးကာကွယ် စောင့်ရှောက်ပေးဖို့ တိုက်တွန်းတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပါ တယ်။

 ဒီတစ်ကြိမ် ပြည်သူ့လွှတ် တော်ရဲ့ ပုံမှန်အစည်းအဝေးမှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး  ကော်မတီရဲ့ ၂၀၁၁ ခုနှစ် အသေးစားငွေရေး ကြေးရေးလုပ်ငန်းဥပဒေကို ဥပဒေ ပြုပြီးနောက် စိစစ်ခြင်းအစီရင်ခံ စာ၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာတို့ကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို သက် တမ်းတစ်နှစ် တိုးမြှင့်ခြင်းတို့ကို လည်း ဆောင်ရွက်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်
ဧပြီ ၂၉ ရက်ကနေ ဇွန်လ ၇ ရက်အထိ ကာလအတွင်း ကျင်းပရက် ၁၄ ရက်ရှိခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်၊ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ကိစ္စရပ်၊ ပြည်ပချေးငွေ ဆိုင်ရာကိစ္စရပ်၊ အပြည်ပြည်ဆိုင် ရာသဘောတူညီချက်များနဲ့သက် ဆိုင်တဲ့ကိစ္စရပ်၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပါအ၀င် အစီရင်ခံ စာသုံးစောင် တင်သွင်းခြင်းနဲ့ အ ရေးပေါ်ရန်ပုံငွေ ခွဲဝေသုံးစွဲခြင်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီးများခန့်အပ်တာဝန်ပေးခြင်း၊ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးခန့် အပ်တာဝန်ပေးခြင်းတို့ကို တင် ပြခြင်းနဲ့ မှတ်တမ်းတင်ခြင်းတို့ ပါဝင်ခဲ့ပါတယ်။

ဥပဒေပြုခြင်း
ဒီပုံမှန်အစည်းအဝေးကာလ အတွင်း လွှတ်တော်ကနေ ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေအပါအ၀င် အတည်ပြုဥပဒေကိုးခု ထုတ်ပြန်ကြေညာလာခဲ့တာ တွေ့ရပါတယ်။

အဆိုပါ အတည်ပြုဥပဒေ ကိုးခုကတော့ လောင်းကစားဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ၊ တံတားကြီးများ ဥပဒေ၊ အလုပ်သမားရေးရာ အ ငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပ ဒေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲခဲ့တဲ့ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ ဒီတစ်ကြိမ်ပုံမှန်အစည်းအဝေးမှာ ထည့် သွင်းဆွေးနွေးပြီး တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုခြင်း၊ လွှတ် တော်ရဲ့အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ခြေရာကောက်ခြင်း
ဒီတစ်ကြိမ် လွှတ်တော်အ စည်းအဝေးများကတော့ သွေးအေးတိတ်ဆိတ်တဲ့ လွှတ်တော် လို့ မှတ်ချက်ပြုရပါလိမ့်မယ်။ ပွဲဆူ လာဖွယ်ရှိတယ်လို့ ထင်မြင်ခဲ့ရတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ကအစ ထင်သလောက် မဟုတ်ခဲ့ ပါဘူး။

အစည်းအဝေးကာလ ရက် ပေါင်း ၄၀ အတွင်း ကျင်းပရက် ၁၄ ရက်နဲ့ ၁၆ ရက်များသာရှိခဲ့ရာ အစည်းအဝေးကျင်းပရက် တို တောင်းနည်းပါးတဲ့ လွှတ်တော် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါ တယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကိစ္စရပ်နှစ်ခု ဆောင်ရွက် ခဲ့တာကို တွေ့ရပါတယ်။ တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူ ကြမ်းအတွက် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာ တွေ့ရှိချက်နဲ့ သဘောထားမှတ် ချက် အစီရင်ခံစာအပေါ် လွှတ် တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များနဲ့ စပ်လျဉ်းပြီး ပူးပေါင်းကော်မတီရဲ့ ရှင်းလင်းတင် ပြချက် အစီရင်ခံစာကို ဖတ်ကြား တင်ပြခြင်းနဲ့ လွှတ်တော်ရဲ့ အဆုံး အဖြတ်ရယူခြင်း၊ နောက်တစ်ခုက ဒေါက်တာမောင်သင်းအပါအ၀င် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ၁၄၅ ဦးတင်ပြလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကို အသိ ပေးတင်ပြခြင်းတို့ ဆောင်ရွက် တာဖြစ်ပါတယ်။

ဒီပုံမှန်အစည်းအဝေး ကာ လအတွင်း စိတ်ဝင်စားစရာဖြစ် ရပ်များအနေနဲ့ကတော့ ရန်ကုန် အတွက် ချေးငွေနဲ့ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ပထမအကြိမ် ဆွေးနွေးခဲ့စဉ်တုန်းကလိုပဲ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထိမိတဲ့ ဆွေးနွေးချက်၊ ထောက်ပြချက် တွေဟာ စိတ်ဝင်စားစရာဖြစ်ခဲ့သ လို ကချင်ပြည်နယ်ထဲမှာ တရုတ် က တရားမ၀င် လာရောက်စိုက် ပျိုးနေတဲ့ တစ်သျှူးငှက်ပျောနဲ့ ပတ်သက်တဲ့ မေးမြန်းချက်၊ လျှပ် စစ်မီးနဲ့ ပတ်သက်တဲ့ ဆွေးနွေး ချက်၊ အဂတိမှုနဲ့ ပတ်သက်ပြီး မျက်နှာမလိုက် အရေးယူဖို့ဆိုပြီး တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ရဲ့ ဆွေးနွေးချက်၊ အစိုးရဦးဆောင်မှုအောက် တပ်မတော် ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို လွှတ် တော်ဥက္ကဋ္ဌက ခွင့်မပြုတဲ့အတွက် နှုတ်နဲ့မေးရမယ့် ကြယ်ပွင့်ပြမေး ခွန်းကနေ စာနဲ့မေးရမယ့် ကြယ် ပွင့်မပြမေးခွန်းအဖြစ် သက်ဆင်း ခဲ့ရတဲ့ဖြစ်ရပ်၊ ပြည်ထောင်စုလွှတ် တော် တိုက်ရိုက်ထုတ်လွှင့်မှု ငါးမိနစ် ပြတ်တောက်ရခြင်းရဲ့ အဖြစ် မှန်ကို ရှင်းလင်းပေးနိုင်ခြင်း ရှိ၊ မရှိမေးခွန်း၊ လွှတ်တော်ကိုယ်စား လှယ်များနောက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)က လိုက် လံသတင်းယူတဲ့အပေါ် မေးခွန်း ထုတ်မှု၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ စမတ်ကျစေ ဖို့ ဒေါ်တင်မိုးလွင်က သင်တန်း ပေးခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာတို့ဖြစ်ပါတယ်။

လာမယ့်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များအပါအ၀င် နိုင်ငံတော် အတွက် မဖြစ်မနေဆွေးနွေး အ တည်ပြုပေးရမယ့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ တော်ရဲ့ အမျိုးသားစီမံကိန်းဥပဒေ ကြမ်း၊ ဘဏ္ဍာငွေအရ၊ အသုံးဆိုင် ရာ ဥပဒေကြမ်း၊ အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဦးစား ပေးအစီအစဉ်အလိုက် ဆောင် ရွက်သွားဖို့ရှိတယ်လို့ ပြည်ထောင် စုလွှတ်တော်နာယက က ဆိုထား ပါတယ်။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ် ဟာ လာမယ့် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပွဲဆူလာ မလား၊ အများပြည်သူစိတ်ဝင် စားမှု အာရုံကို ဖမ်းစားနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်ရ မှာဖြစ်ပါတယ်။

အခုဆိုရင် လွှတ်တော်များရဲ့ (၁၂)ကြိမ်မြောက်ပုံမှန်အစည်း အဝေးကတော့ ကျင်းပပြီးစီးခဲ့ပါ ပြီ။ လွှတ်တော်ပြက္ခဒိန်အရ ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၂၀ ရက်အထိ ကျင်းပမယ့် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကော စိတ်ဝင်စားဖွယ် ဘယ်လို အကြောင်းအရာတွေ တင်သွင်း ဆွေးနွေးသွားမလဲ၊ အများပြည်သူ အကျိုးစီးပွားကို ဘယ်လိုဖော် ဆောင်သွားမလဲ၊ ဘယ်လိုခြေရာ တွေကို ထင်ကျန်ရစ်ဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားကြရ မှာ ဖြစ်ကြောင်းပါ။

No comments:

Post a Comment