Wednesday, June 19, 2019

ဝေဠု​ကျော်​အား ရုံးချိန်းကင်းလွတ်​​ခွင့်​ ပြု ၊မပြု လာမည့်​ရုံးချိန်းတွင်​အမိန့်​ ချမည်

သရုပ်​​ဆောင်​​ဝေဠု​ကျော်​အား ရုံးချိန်းကင်းလွတ်​ခွင့်​ပြု ၊မပြုနှင့်​ ပတ်​သက်​၍ လာမည့်​ ဇူလိုင်​ ၃ရက်​ရုံးချိန်းတွင်​ အမိန့်​ချရန်​ သင်္ဃန်းကျွန်းမြို့နယ်​တရားရုံးက ချိန်းဆိုခဲ့သည်​။ သရုပ်​​ဆောင်​​ဝေဠုကျော်အား ​​မော်​ဒယ်​သင်းသင်းက  ကာမ လိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုထား​​သောအမှုကို ယ​နေ့ ဇွန်​ ၁၉ရက်​တွင်​ ရန်​ကုန်​မြို့၊ သင်္ဃန်းကျွန်းမြို့နယ်​​တရားရုံး၌ ၁၁ကြိမ်​​မြောက်​ ရုံးချိန်း​ခေါ်ယူခဲ့ပြီး ​ဝေဠု​ကျော်​နှင့်​ သင်းသင်းတို့ နှစ်​ဦးစလုံး တရားရုံးသို့ လာ​ရောက်​ခဲ့သည်​။



ယ​နေ့ရုံးချိန်းတွင်​ ​ဝေဠု​ကျော်​အား ရုံးချိန်းကင်းလွတ်​​ပေးရန်​ သင့်​၊ မသင့်​နှင့်​ ပတ်​သက်​၍ နှစ်​ဖက်​​ရှေ့​နေများက ​လျှောက်​လဲချက်​​ပေးခဲ့သည်​။

ထို့ပြင်​ ​မော်​ဒယ်​သင်းသင်းဘက်​မှ တင်​ပြသည့်​ အသံဖိုင်​နှင့်​ ပတ်​သက်​၍လည်း ကြားနာစစ်​​ဆေးခဲ့သည်​။

"တရားရုံးရဲ့ လိုအပ်​ချက်​အရ​ပေါ့​နော်​ အသံဖိုင်​ မူရင်းရှိတဲ့ ဖုန်းကို တရားရုံးမှာ တင်​ပြခဲ့တယ်​။ ​ဝေဠု​ကျော်​ဘက်​က အသံဖိုင်​​တွေကို တစ်​ဖိုင်​ချင်းစီ ခွဲပြီး ရုံး​တော်​ကို တင်​ပြဖို့ ​လျှောက်​တာ တရားရုံးက ပယ်​ချလိုက်​တယ်​"ဟု ​မော်​ဒယ်​သင်းသင်းဘက်​မှ ​ရှေ့​နေ ဦး​ကျော်​လှိုင်​စိုးက ​ပြောသည်​။

လာမည့်​ရုံးချိန်းကို ဇူလိုင်​ ၃ရက်​တွင်​ ပြန်​လည်​ချိန်းဆိုခဲ့ပြီး သက်​​သေ အသံဖိုင်​နှင့်​ ပတ်​သက်​၍ ဆက်​လက်​စစ်​​ဆေးမည်​ဟု ဆိုသည်​။

No comments:

Post a Comment