Wednesday, June 19, 2019

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးနှစ်ဦးသေဆုံး ခြောက်လအတွင်း ရောဂါဖြစ်ပွားသူ ၃၆၀ ကျော်ရှိ

 မွန်ပြည်နယ်တွင် ယခုနှစ်ခြောက်လအတွင်း သွေး လွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၆၀ ကျော်ရှိပြီး ကလေးနှစ်ဦးသေ ဆုံးခဲ့ကြောင်း မွန်ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာစည်သူရဲနောင်ကပြောသည်။ ‘မနှစ် ဒီလိုအချိန်မှာလောက် ဒီနှစ်တော့ မများသေးပါဘူး။ ဒါ ပေမဲ့ ပြီးခဲ့တဲ့လ (မေလ) ကနေ စပြီးတော့ တော်တော်တက်လာ တယ်။ အခု (ဇွန်လ ၁၇ ရက်နေ့ အထိ) ၃၆၅ ဦးရှိတယ်။ နှစ်ဦးသေ တယ်’’ ဟု ဒေါက်တာစည်သူရဲ နောင်က ပြောသည်။



သေဆုံးသည့် ကလေးငယ် နှစ်ဦးသည် ဖျားပြီး လေး၊ ငါးရက် ကြာမှ ဆေးရုံသို့ ရောက်ရှိလာပြီး ဆေးရုံသို့ ရောက်ရှိလာချိန်နောက် ကျသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း၊ မော်လမြိုင်ကလေးဆေးရုံတွင် သွေးလွန်တုပ်ကွေးကြောင့် တက် ရောက်ဆေးကုသသည့် လူနာ တစ်နေ့လျှင် ၁၀ ဦးနှင့် ၂၅ ဦးရှိပြီး သေဆုံးသည့် ကလေးများ သည် မုဒုံနှင့် ရေးမြို့နယ်မှ ဖြစ် ကြောင်း ၎င်းကပြောသည်။

ယခုနှစ်တွင် မော်လမြိုင်၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်တို့ တွင် သွေးလွန်တုပ်ကွေးရောဂါ  သိသာစွာ အဖြစ်များနေသည့်အ နေအထားရှိပြီး သွေးလွန်တုပ်ကွေးအဖြစ်များသည့် အသက်အရွယ်သည် အ သက် (၅) နှစ်မှ (၉) နှစ်အရွယ်အကြား ကလေးအုပ်စုများဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်ကျန်းမာရေးဦးစီး ဌာနအနေဖြင့် မိုးရာသီတွင် အ ဖြစ်များသည့် သွေးလွန်တုပ်ကွေး ကို ကာကွယ်တားဆီးရန် ပညာ ပေးလုပ်ငန်းများ၊ မြို့နယ်ကျန်းမာ ရေးဌာနတို့နှင့် ပူးပေါင်းပြီး အ ပတ်စဉ် ခြင်နှိမ်နင်းကာကွယ်ရေး လုပ်ငန်းများနှင့် ပိုးလောက်လမ်း သတ်ဆေးခတ်ခြင်း လုပ်ငန်းတို့ ဆောင်ရွက်နေသည်။ ၂၀၁၈ က မွန်ပြည် နယ်တွင် သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွား သူ ၁,၅၉၅ ဦးရှိပြီး လေးဦးသေဆုံး ကြောင်း ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနစာရင်း၌ ဖော်ပြ သည်။

No comments:

Post a Comment