Wednesday, June 19, 2019

တညင်းကုန်းဈေးအဟောင်းမှဈေးသည်များကို ဈေးသစ်သို့ဇွန် ၂၀ ရက်တွင် မဖြစ်မနေပြောင်းရွှေ့သွားမည်

တညင်းကုန်းဈေးအဟောင်းမှ ဈေးသည်များကို ဈေးသစ်သို့ ဇွန် ၂၀ ရက်တွင် မဖြစ်မနေ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အ တွင်းရေးမှူး ဦးသန်းက ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် ဇွန် ၁၇ ရက်က တညင်း ကုန်းဈေးဟောင်းဖယ်ရှားမည့်အစီအစဉ်နှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



""အကြိမ်ကြိမ်ညှိနှိုင်းပြီး အ ကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးတာဖြစ်ပါတယ်။ ပြောင်းပေးတဲ့ အခါမှာလည်း ချောချောမွေ့မွေ့နဲ့ အခက်အခဲတစ်စုံတစ်ရာ မရှိအောင် ဆောင်ရွက်ပေးထားခြင်းဖြစ်လို့ သတ် မှတ်ထားတဲ့ရက်မှာ ပြောင်းရွှေ့ပေး ဖို့။ အကယ်၍ မပြောင်းလို့ရမလား လို့ မေးမယ်ဆိုရင် ကျွန်တော်တို့ဘက် က တစ်ခါတည်းပဲရှင်းလင်းပါ့မယ်။ မပြောင်းလို့မရပါဘူး။ ရန်ကုန်မြို့ တော်စည်ပင်ပိုင်ဈေးဖြစ်တဲ့အတွက် ကျွန်တော်တို့သတ်မှတ်ထားတဲ့ စည်း ကမ်းချက်နဲ့အညီပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့နေရာ ကို ပြောင်းပေးတာဖြစ်တဲ့အတွက် နားလည်သဘောပေါက်စေလိုပါ တယ်""ဟု ၄င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်း ဈေးဟောင်းမှ အသစ်တည်ဆောက် လိုက်သည့် ဈေးရုံသစ်သို့ပြောင်းရွှေ့ ရောင်းချရမည့်အပေါ် ဈေးသည် များက လက်မခံဘဲ ငြင်းဆန်နေကြ ခြင်းဖြစ်ကြောင်း သိရသည်။

""သူတို့ဈေးသစ်ကို ၂၀၁၈၊ ၁ လပိုင်းမှာ တရားဝင်စဖွင့်တယ်။ သူ တို့ဈေးထဲမှာ သူတို့ပြောထားတဲ့နှုန်း ထားနဲ့အဆင်ပြေနေရင် ကျွန်တော် တို့ဈေးသူဈေးသားတွေက အကုန် လုံး အဲဒီကိုသွားရောင်းနေကြမှာပဲ။ ခုကျတော့ အဲဈေးထဲမှာသွားရောင်း ပြီး အဆင်မပြေဖြစ်နေကြတဲ့သူတွေ အများကြီးပါပဲ""ဟု တညင်းကုန်း (ခ)ရုံမှဈေးသည်ဖြစ်သူ ကိုကျော် သူရဝင်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်ပြီး လက်ရှိတညင်း ကုန်းဈေး အဟောင်းကိုဖျက်သိမ်းကာ ဈေး အသစ်ကြီးကို ပြောင်းရွှေ့ရောင်းချ ခိုင်းခြင်းအပေါ် စည်ပင်လက်အောက် တွင်သာနေလိုပြီး အစိုးရကိုသာအခွန် ဆောင်ချင်ကြောင်းနှင့် ပုဂ္ဂလိက လက်အောက်သို့ မသွားရောက်လို ကြောင်း ဈေးသည်အချို့က ပြော သည်။

အဆိုပါဈေးသစ်ကို အစိုးရနှင့် Myanmar Agro Exchange Pu-blic Ltdတို့နှင့် အကျိုးတူပူပေါင်း လုပ်ကိုင်ခြင်းဖြစ်သဖြင့် ရန်ကုန်စည် ပင်၏ လက်အောင်တွင်သာဖြစ် ကြောင်း ရန်ကုန်စည်ပင်သာယာ ရေးကော်မတီဝင်(၁၀) ဒေါ်နန့်စု ရွှေစင်က ပြောသည်။
""ဒီဈေးကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဈေးသူဈေး သားတွေရဲ့ဘဝတွေကို မြှင့်တင်ပေး ဖို့အတွက်ဖြစ်ပါတယ်။ စည်ပင်သာ ယာနဲ့ အကျိုးတူပူးပေါင်းဆောင် ရွက်တာဖြစ်တဲ့အတွက် ဈေးသူဈေး သားတွေထင်သလို ကုမ္ပဏီလက် အောက်ကို ရောက်သွားတာမဟုတ် ပါဘူး။ စည်ပင်လက်အောက်မှာပါ ပဲ""ဟု ၄င်းက ပြောသည်။

ဈေးဟောင်းမှ ဈေးသည်များ ကို ဈေးသစ်သို့အတင်းအကျပ်ပြောင်း ရွှေ့ရောင်းချခိုင်းပါက ဈေးသူဈေး သားများအနေဖြင့်လက်မခံဘဲ ဆန္ဒ ထုတ်ဖော်မှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်း ဈေးသူဈေး သားများက ပြောသည်။

တညင်းကုန်းဈေးတွင် ဈေး ရောင်းချသူ အမျိုးသမီးတစ်ဦးက""အဲဒီနေ့ ၂၀ရက်ကိုလည်း ဥပဒေ ဘောင်အတွင်းကနေ အသနားခံ မယ်""ဟု ပြောသည်။အဆိုပါသတင်းစာရှင်းလင်း ပွဲသို့ ဈေးသူဈေးသားကိုယ်စားလှယ် ၃၀ ကိုဖိတ်ကြားထားသော်လည်း ယင်းကို ဈေးသူဈေးသား၂၀ဝ ခန့် က သူတို့ကိုယ်တိုင် တက်ရောက်ခွင့် မရ၍ ဈေးသူဈေးသားကိုယ်စားလှယ် များပါ မတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဈေးပြောင်းရွှေ့ပါက မိမိငှား ရမ်းထားသောဆိုင်ခန်းကို တစ်ဆင့် ပြန်လည်လွှဲပြောင်းခွင့်နှင့် လက်ရှိ ဈေးဟောင်းတွင်ရရှိနေသော အခွင့် အရေးများကို အပြည့်အဝရရှိမည် ဖြစ်ကြောင်း ဒေါ်နန့်စုရွှေစင်က ပြောသည်။
""ဈေးသစ်မှာ ဆိုင်ခန်းတွေကို တစ်ဆင့်ပြန်လည်လွှဲပြောင်းခွင့် ရရှိ မှာဖြစ်ပါတယ်။ လက်ရှိဈေးဟောင်း တွင်ရရှိနေတဲ့ အခွင့်အရေးများကို လည်း အပြည့်အဝရရှိမှာဖြစ်ပါတယ်""ဟု ၄င်းက ထပ်မံပြောသည်။

တညင်းကုန်းဈေးရုံ(က)မှ ရုံ ကိုယ်စားလှယ်ဖြစ်သူ ကိုချိုက""ဈေး ဟောင်းနဲ့ဈေးသစ်မှာ အခွန်ကွာဟ မှုအပိုင်းမှာ အဆမတန်များနေတယ်""ဟု ပြောသည်။

ရန်ကုန်ရှိ၃၇ဈေးကို အဆင့် မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ် ပြီး ယခုတညင်းကုန်းဈေးအဆင့်မြှင့် တင်မှုသည် ပထမဦးဆုံးဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ဈေးသစ်တွင် ရောင်းချပါက ပထမနှစ်တွင် တစ်လလျှင် အကျယ် ၅ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်း ကျပ်ငါးသောင်းခွဲ၊ အကျယ် ၅ပေ_ ၁၁ ပေပတ်လည် တစ်ခန်း ကျပ် နှစ်သောင်းနှင့် ၅ပေ_၁၃ပေ ပတ် လည် ကျပ်နှစ်သောင်းပေး သွင်းရ မည်ဖြစ်ပြီး ငါးနှစ်အထိ ၃၅ရာခိုင် နှုန်းစီ တိုးမြှင့်ကောက်ခံသွားမည်ဖြစ် ကာ ခြောက်နှစ်မြောက်တွင် ကုမ္ပ ဏီမှကောက်ခံမည့် ပုံမှန်ဈေးနှုန်း အတိုင်း ကောက်ခံမည်ဖြစ်သည်။
တညင်းကုန်းဈေးဟောင်းတွင် ရောင်းချနေသော ဈေးဆိုင်ခန်း ၁၀၈၇ ရှိသည်။

No comments:

Post a Comment