Wednesday, June 19, 2019

မြန်မာ့စီးပွားရေး တည်ငြိမ်လာပြီး အရှိန်ပြန်ရလာဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

၂၀၁၈ အတွင်း လှုပ် ခတ်မှုများခဲ့သည့် မြန်မာ့စီးပွား ရေးသည် တဖြည်းဖြည်းချင်း တည်ငြိမ်လာကာ အရှိန်ပြန်ရလာပြီဖြစ် ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်သော အစီ ရင်ခံစာသစ်၌ ဖော်ပြထားသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည် ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေးအခြေအနေ ဆိုးရွားနေသော် လည်း မြန်မာ့စီးပွားရေးတိုးတက် နှုန်းသည် ၂၀၂၀-၂၁ တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိလာ မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားသည်။



ထိုသို့ တိုးတက်လာခြင်း သည် ကုန်ထုတ်လုပ်ငန်းနှင့် ဝန် ဆောင်မှုလုပ်ငန်းများ၏ အဓိက မောင်းနှင်အားကြောင့်ဖြစ်ပြီး အ ထည်ချုပ်ကဲ့သို့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများသည်လည်း အရှိန်ရလာသည်ဟု ဆိုသည်။ ထို့အပြင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြောင့် လက်လီနှင့် လက်ကား ရောင်းဝယ်ရေး လုပ်ငန်းများ အ ရှိန်ပြန်ရလာခြင်းကြောင့် ဝန်ဆောင်မှုကဏ္ဍသည် စီးပွားရေး ဖွံ့ဖြိုးမှု၏ အဓိကကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေသည်ဟု ဆိုသည်။

စီးပွားရေးတိုးတက်လာခြင်း သည် ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန် မြှင့်တင်ခြင်းအပြင် အာမခံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာခြင်း၊ အခြေခံအ ဆောက်အအုံကဏ္ဍတွင် ငွေကြေး သုံးစွဲဆောင်ရွက်ခြင်းတို့ကြောင့်ပါဝင်သည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်း စီးပွားရေးအရှိန် နှေးကွေးနေခြင်း၊ ကုန်သွယ်ရေးစစ်ပွဲ ပိုမိုတင်းမာလာခြင်း၊ ဥရောပသမဂ္ဂ၏ ကုန်သွယ်မှုအ ခွင့်အရေး ရုပ်သိမ်းနိုင်ခြေများနှင့် စွမ်းအင်ဈေးနှုန်းများ အတက်၊ အကျ၊ အပြောင်းအလဲ မြန်ဆန် လာခြင်းတို့က မြန်မာနိုင်ငံအ တွက် စိန်ခေါ်မှုများအဖြစ် ဆက် လက်ရှိနေသည်ဟု ကမ္ဘာ့ဘဏ် က ဆိုသည်။

မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုသည် ၂၀၁၈ အောက် တိုဘာတွင် ၈ ဒသမ ၈ ရာခိုင်နှုန်း သို့ အမြင့်ဆုံးရောက်ရှိပြီး ၂၀၁၉ ဇန်နဝါရီတွင် ၆ ဒသမ ၁ ရာခိုင် နှုန်းသို့ ကျဆင်းခဲ့သည်။ သို့သော် လောင်စာဆီနှင့် စားသောက်ကုန် ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းသို့ ပြန်လည်မြင့် တက်ခဲ့သည်။

ကုန်ဈေးနှုန်းနှင့် လောင်စာ စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုကို ထည့်သွင်းမတွက်ချက်ပါက ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း ငွေကြေး ဖောင်းပွနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး တည်ငြိမ်သော လမ်းကြောင်းပေါ်တွင်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

No comments:

Post a Comment