Wednesday, June 19, 2019

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်သို့ဝိဇ္ဇာဘွဲ့နှင့် အေဂျီတီအိုင်ဘွဲ့ ပထမနှစ်သင်တန်းများအတွက် စတင်လျှောက်ထားနိုင်

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်း ရည်ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကော လိပ်သို့ ဝိဇ္ဇာဘွဲ့နှင့်အေဂျီတီအိုင် ဘွဲ့ ပထမနှစ် သင်တန်းများအ တွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် တန်းအောင်မြင်ထားသော တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးမှ တိုင်း ရင်းသား ကျောင်းသားကျောင်း သူများကို ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး တိုးတက် ရေးဒီဂရီကောလိပ် ရန် ကုန်/စစ်ကိုင်းတို့၌ ဝိဇ္ဇာသိပ္ပံနှင့် အေ ဂျီတီအိုင် ပထမနှစ်သင်တန်းများ တွင် တက်ရောက်နိုင်ရန် ဝင် ခွင့်များကို ခေါ်ယူထားပြီးအင်ဂျင် နီယာအတတ်ပညာ ဒီပလိုမာသင် တန်းအတွက် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ကာ ရမှတ် ၃၂၁ မှတ်နှင့်အထက်ရှိသူ များလျှောက်ထားနိုင်ပြီး ဝိဇ္ဇာဘွဲ့သင် တန်းအတွက် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံ ဘာသာတွဲဖြင့် အောင်မြင်ကာ ရ မှတ် ၃၀ဝ နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ကြောင်း အဆိုပါ ကောလိပ်မှ ကြေညာထားသည်။



သင်တန်းသားသင်တန်းသူ များကိုရွေးချယ်ရာတွင် နယ်စွန်း နယ်ဖျားမှဖြစ်ခြင်း၊ ပြည်ထောင်စု တိုင်းရင်းသားဖြစ်ခြင်း၊ မိဘမဲ့(သို့) မိမဲ့(သို့)ဘမဲ့ဖြစ်ခြင်း၊ ဆင်းရဲနွမ်း ပါးသူဖြစ်ခြင်း၊ လျှောက်ထားသည့် ဒေသ(သို့မဟုတ်)မည်သည့်ဒေသ တွင်မဆို တာဝန်ထမ်းဆောင်နိုင် မည့်သူဖြစ်ခြင်းတို့အပေါ် မူတည် ပြီးညီညွတ်မျှတစွာရွေးချယ်ရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း ကို ဘော်ဒါဆောင်များတွင် နေ ထိုင်တက်ရောက်အောင်မြင်သူ များကို ရွေးချယ်ခြင်းမပြုလုပ်ရန် ကိုလည်း ထုတ်ပြန်ထားသည်။

ရေးဖြေနှင့်လူတွေ့ အောင်မြင် ထားသော ကျောင်းသား၊ ကျောင်းသူ များကို ကျန်းမာရေးစိစစ်မှုများ ပြု လုပ်မည်ဖြစ်ပြီး အောင်မြင်ခြင်းမရှိ သူများ၏နေရာတွင် အရန်အဖြစ် ရွေးချယ်ထားသော သင်တန်းသား၊ သင်တန်းသူများဖြင့် အစားထိုး သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမနှစ်သင်တန်းတက် ရောက်ရန် ရွေးချယ်ခြင်းခံရပြီး ဆေးစစ်ချက်မအောင်သဖြင့် ပြန် လည်စေလွှတ်ခြင်းခံရသည့် ကျောင်း သား၊ ကျောင်းသူများသည် သင် တန်းပြန်လည်တက်ရောက်လိုပါက တိုက်ရိုက် တက်ရောက်ခွင့်ပြုမည် မဟုတ်ဘဲ သင်တန်းသားအသစ်ကဲ့ သို့ ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။
ယခင်နှစ်ကအဆိုပါကျောင်း အတွက်တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့်သင်တန်းသားသင်တန်း သူ ၄၀ဝ ကျော်ဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment