Wednesday, June 19, 2019

သီရိလင်္ကာနိုင်ငံက ၎င်း၏ပထမဆုံးဂြိုဟ်တုအား ကမ္ဘာပတ်လမ်းသို့လွှတ်တင်

သီရိလကာင်္နိုင်ငံက ၎င်း၏ပထမဆုံးဂြိုဟ်တုဖြစ်သော Raavana 1 အမည်ရှိသုတေသနဂြိုဟ်တုအား ဂျပန်နှင့်နီပေါ နိုင်ငံတို့မှအခြားဂြိုဟ်တုနှစ်လုံးနှင့်အတူ ဇွန်လ ၁၇ ရက်ညနေပိုင်းက နိုင်ငံတကာအာ ကာသစခန်းမှ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း နီပေါအစိုးရ ပြန်ကြားရေးဦးစီးဌာနက ဇွန်လ ၁၈ ရက်တွင်ကြေညာခဲ့သည်။



သီရိလကာင်္ာနိုင်ငံ၏ အဆိုပါဂြိုဟ်တုက နိုင်ငံ၏ Peradeniya တက္ကသိုလ်နှင့် Arthur C Clarke ခေတ် မီနည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားများကိုယ်တိုင် တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး သုတေသန ဂြိုဟ်တုတစ်လုံးဖြစ်ကာ သီရိလင်္ကာနိုင်ငံအတွက် အာကာသခေတ်ကိုပထမဆုံးခြေလှမ်းချနိုင်သော ဆောင်ရွက်မှုလည်းဖြစ်သည်။

Raavana 1 ဂြိုဟ်တုက သီရိလင်္ကာနိုင်ငံနှင့်ပတ်ဝန်းကျင်ဒေသများ၏ ဓါတ်ပုံများကို ရိုက်ကူးရယူနိုင်မှု အပါအဝင် တာဝန်ငါးရပ်ကိုဖြည့်တင်းဆောင်ရွက်သွားမည်ဟုလည်းမျှော်လင့်ရသည်။

Raavana 1 ဂြိုဟ်တု က ကမ္ဘာမြေပြင်မှကီလိုမီတာ ၄၀၀ အကွာမှကမ္ဘာပတ်လမ်းကြောင်းအတွင်းတွင် လည်ပတ်နေမည်ဟုမျှော်လင့်ရကာ ၎င်း၏သက်တမ်းက အနည်းဆုံးတစ်နှစ်ခွဲရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment