Wednesday, June 19, 2019

အစိုးရရင်းနှီးငွေထည့်ဝင်ထားသော YBS ကုမ္ပဏီနှစ်ခုကိုတိုင်းစာရင်းစစ်ချုပ်စစ်ဆေးခွင့်ရှိအောင်လုပ်ဆောင်သွားမည်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရရင်းနှီးငွေ ထည့် ဝင်ထားသော ဘက်စ်ကားအများ ပိုင်ကုမ္ပဏီနှစ်ခုကို တိုင်းစာရင်းစစ် ချုပ်မှ စစ်ဆေးနိုင်ခွင့်ရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။ ""တိုင်းဒေသကြီးစာရင်းစစ် ချုပ်ဆိုတာ စစ်ပိုင်ခွင့်ရှိရမှာပေါ့။ YRTA လည်းစစ်ရမယ်။ YUPT နဲ့ YBPC လည်း စစ်နိုင်ရမယ်။ သို့သော်လည်း စစ်နိုင်မယ့်အနေ အထားမရှိဘူးလို့ ဝန်ကြီးပြော သွားတယ်။ နောက်တစ်ခါစစ်နိုင်တဲ့ အနေအထားတော့ရှိတယ်။



ပြည် ထောင်စုစာရင်းစစ်ချုပ်ကနေ စစ် ခိုင်းရင်တော့ရပါလိမ့်မယ်လို့ ပြော သွားတယ်။ အန်ကယ်ကတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်ကနေ တိုင်းဒေသကြီး အစိုးရစာရင်းစစ် ကို စစ်နိုင်ခွင့်ရှိအောင် အန်ကယ် ကိုယ်တိုင် အဆိုတင်ဖို့ဆုံးဖြတ်ချက် ရသွားတာပေါ့။ အဆိုတင်မှရတော့ မှာပေါ့။ အဲဒီအဆိုကိုတင်မယ်""ဟု ၄င်းက ပြောသည်။

ဇွန် ၁၇ ရက် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးအပြီး တွင် ဦးကျော်ဇေယျက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုး ရက ကျပ်ဘီလီယံ ၇၀ ရင်းနှီးမြှပ် နှံမှု ထည့်ဝင်ထားသည့် YUPT နှင့် YBPC ကုမ္ပဏီများ၏ မော်တော် ယာဉ်တန်ဖိုးလျော့စရိတ် (ကားအ သုံးပြုမှုကြာချိန်အပေါ် အခြေခံ ကာ ဈေးနှုန်းလျော့ကျသွားမှု)ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ၁၂ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ် ခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် မော်တော်ယာဉ်တန်ဖိုးလျော့ စရိတ်ကို ၂၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း ဇွန် ၁၇ ရက် ရန်ကုန်တိုင်းလွှတ် တော်အစည်းအဝေး၌ တိုင်းစီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြင့် သောင်းက ပြောသည်။

""မော်တော်ယာဉ်အားလုံးမှာ တန်ဖိုးလျော့တွက်ချက်ရာမှာ မျှတ မှုရှိစေရန်နဲ့တစ်ပြေးညီ Standard ဖြစ်စေရေးအတွက် မော်တော် ယာဉ်ရဲ့ တန်ဖိုးလျော့စရိတ်ကို ၁၂ ဒသမ ၅ ရာခိုင်နှုန်းသို့မဟုတ် မော်တော်ယာဉ်ရဲ့ သက်တမ်းကို ရှစ်ရာခိုင်နှုန်း သတ်မှတ်ပြီးတော့ ဝင်ငွေခွန်စည်းမျဉ်း ၁၃၊ စည်းမျဉ်း ခွဲ ၆(ခ)အရ အငှားယာဉ်ကုန်တင် ကားများနဲ့ခရီးသည်တင်ယာဉ်များ ရဲ့ မူရင်းတန်ဖိုးအပေါ် တန်ဖိုး လျော့ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းကားရဲ့သက်တမ်းကို ငါးရာခိုင် နှုန်းသက်မှတ်ကြောင်း ဆက်လက် ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီများရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မော်တော်ယာဉ်များ ရဲ့ တန်ဖိုးလျော့တန်ဖိုးကို ၂၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ် မှတ်ထားကြောင်း တင်ပြလိုပါတယ်""ဟု၎င်းကပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှပ်နှံသည့် ငွေများသည် ပြည်သူ့ငွေများဖြစ်သဖြင့် အရင်း ပျောက်၍မရဘဲ အရင်းကျေကာလ တွင် အမြတ်ထွက်လာရမည်ဖြစ် ကြောင်း ဦးကျော်ဇေယျက ပြော သည်။""ဒီကုမ္ပဏီနှစ်ခုကို ဝိုင်အာတီ အေက ကွပ်ကဲတဲ့အခါမှာ ဝန် ဆောင်မှုစရိတ် တစ်စီးကို ကျပ် ၄၀ဝ၀ ပေးနေရတယ်။YBS စီးရေ ၆၀ဝ၀ ကျော်ရှိတယ်သိရတယ်။ အဲဒီ ၆၀ဝ၀ ကျော် စိတ်မဝင်စား ဘူး။ အဲဒီကုမ္ပဏီနှစ်ခုမှာရှိတဲ့ ကား တွေကလည်း ပေးရတယ်ဆိုတော့ ဝိုင် အာတီအေက ဝန်ဆောင်မှု အဖြစ် တစ်နေ့ကို ကျပ်လေးထောင် ရနေတာတွေကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်အနေနဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ညီအောင် စစ်ဆေးဖို့ အစီအစဉ်ရှိပါသလား""ဟု ၄င်းက လွှတ်တော်အစည်းအဝေး တွင် စီမံဘဏ္ဍာဝန်ကြီး ဦးမြင့် သောင်းအား မေးမြန်းခဲ့သည်။

တိုင်းအစိုးရ ရင်းနှီးထည့် ဝင်ထားသော YUPT နှင့် YBPC ကုမ္ပဏီတို့သည် ဘက်စ်ကား အများ ပိုင်ကုမ္ပဏီများဖြစ်သဖြင့် ပြဋ္ဌာန်း ထားသော ကုမ္ပဏီဥပဒေအရ ကု မ္ပဏီများက ခန့်ထားသည့်ပြင်ပစာ ရင်းစစ်အဖွဲ့ကသာ စစ်ဆေးရခြင်း ဖြစ်ပြီး လိုအပ်မှသာ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အနေဖြင့် ပြည် ထောင်စုစာရင်းစစ်ချုပ်ခွင့်ပြုချက် ဖြင့် စစ်ဆေးခွင့်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြန်လည် ဖြေကြားခဲ့သည်။
တိုင်းအစိုးရအဖွဲ့၏ ရင်းနှီး မြှပ်နှံငွေဖြင့် ဝယ်ယူထားသည့် မော်တော်ကားများ၏ အရင်းကျေ ကာလကို ငါးနှစ်သတ်မှတ်ထားခြင်း ကြောင့် ၂၀၂၂ ခုနှစ်တွင် အရင်း ကျေမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment