Wednesday, June 19, 2019

သက်တမ်းလွန်တားမြစ်ဆေးဝါးများ ၊တားမြစ် အလှကုန်များနှင့်တားမြစ်အစားအစာများမီးရှိ့ဖျက်ဆီး

Image may contain: one or more people, fire, outdoor and natureသိမ်းဆည်းထားသည့် သက်တမ်းလွန်တားမြစ်ဆေးဝါးများ၊ တားမြစ်အလှကုန်များနှင့်တားမြစ်အစားအစာများအားဇွန်လ ၁၉ ရက် နံနက်ပိုင်း က ကော့သောင်းမြို့ ၊ဆယ်မိုင်ကျေးရွာ၊ အမှိုက်စွန့်ပစ်သည့်အမှိုက်ကန်တွင်ပူးပေါင်းအဖွဲ့ဖြင့်မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA)၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဌာနတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့်ကော့သောင်းမြို့ပေါ်ရှိ စာသင်ကျောင်းမုန့်ဈေးဆိုင်များ၊အလှကုန်ဆိုင်များ၊ဆေးဝါးအရောင်းဆိုင်များအားရှောင်တခင်လိုက်လံစစ်ဆေးရာမှ အများပြည်သူ အတွက် ဆိုးရွားစွာအန္တရယ်ဖြစ်ပေါ် စေနိုင်သဖြင့် သိမ်းဆည်းထားသည့် သက်တမ်းလွန်ဆေးဝါးများ၊ တားမြစ်ဆေးဝါးများ၊ တားမြစ်အလှကုန်ပစ္စည်းများနှင့်တားမြစ်အစားအစာများ အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက် စွန့်ပစ်ရာဆယ်မိုင်ကျေးရွာ၊အမှိုက်ကန်တွင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment